Chapter 15

607 91 3
                                    

ဖုန်း Vibration အသံကြောင့်
Lay လန့်သွားသည်။
ဖုန်းကိုကောက်ယူပြီး sms ကိုဖွင့်လိုက်သည်။
Xiuminက လိပ်စာပို့ပေးရန်ပြောခြင်းပင်--
Layက လာခေါ်မည်ဟု စာပြန်လိုက်သည်။ မကြာခင် နောက် လန့်သွားသည် တစ်စောင်ရောက်လာပြန်သည်။ သူမက ကိုယ့်ဘာသာကိုယ်လာမည်ဟု ပြောသောကြောင့် လိပ်စာပို့ပေးလိုက်ရသည်။
*-*-*-*-*-*-*-*-*-*-*
Xiumin သည် Layကို ဖုန်းဆက်ပြီး စကားပြောရမှာကို စိတ်ထဲတွင်တစ်မျိုးဖြစ်နေလေသည်။ ထို့ကြောင့် စာသာပို့ခဲ့သည်။ သူမဆိုင်မှ wineတွေယူသွားမည်ဟု စဉ်းစားထားသောကြောင့် Lay ကိုအလုပ်ရှုပ်ခံပြီး
လာမခေါ်စေလိုခြင်းဖြစ်သည်။
ညနေ 6နာရီကပင် Xiuminတစ်ယောက်ုပြင်ဆင်ပြီးနေသောကြောင့်
ဆိုင်သို့ထွက်လာခဲ့သည်။
သူမသည် အဖြူရောင်အင်္ကျီ
လက်ရှည် ခါးတိုကို ဂျင်းဘောင်းဘီ အကျပ်နှင့် တွဲဖက်ဝတ်ဆင်ထားသည်။
ဆံပင်နည်းနည်းကို အရှေ့တွင် စုစည်းထားသည်။
သူမ ဆိုင်မှ အကောင်းစားဝိုင်
နှစ်ပုလင်းလောက်ယူပြီး Lay ပေးသောလိပ်စာသို့ ဦးတည်ခဲ့တော့သည်။

*-*-*-*-*-*-*-*-*-*

Party အတွက်စားပွဲများ ခုံများကို ခြံပြင်သို့ ထုတ်ပြီး စားသောက်စရာများကို ပြင်ဆင်နေကြချိန်တွင် Layမျက်လုံးများက တံခါးဘက်ဆီသို့ မကြာခဏ ရောက်ရောက်သွားသောကြောင့် luhan က
နောက်နေသည်။

Luhan : oppa ရေ...အောက်ကိုသေချာကြည့်နော် ခလုတ်တိုက်မယ်

Kris : စိတ်မပူပါနဲ့ chargiရယ်
ကိုယ်တံခါးကို သေချာကြည့်နေပါတယ်

သူ့ကို စ နေမှန်း သိသောလည်း Lay ပြန်မပြောအားဘဲ တံခါးနားသို့
လျှောက်သွားကြည့်နေလေသည်။ Lay တို့အိမ်က ကုန်းအမြင့်ပေါ်တွင်ရှိပြီး ခြံစည်းရိုးအမြင့်ကြီးတစ်ခုနှင့် တံခါးငယ်တစ်ခုကို ဖြတ်ကျော်ပြီးမှ အိမ်သို့ရောက်မည်ဖြစ်သည်။
ထိုခြံစည်းရိုးမှ တံခါးသို့ရောက်ရန် လှေခါးထစ် ၄၀ လောက်ကို ဖြတ်ကျော်ရသည်။ ထို့ကြောင့် အပြင်မှလာသောသူကို မမြင်ရပဲနှင့် တံခါးနားတွင် ယောင်လည်လည်လုပ်နေသော Lay ကို ကြည့်ပြီး Luhan နှင့် Kris တို့ ရယ်နေကြသည်။ Luhan တို့က အထဲတွင် ဝင်စောင့်ရန် အကြံပြုမှ ဝင်တော့သည်။

You Are My DestinyWhere stories live. Discover now