Chapter 20

753 84 11
                                    

ဧည့်ခံပွဲအတွက် ပြင်ဆင်ဖို့ Luhan က Xiumin ကို လာခေါ်သည်။ makeup မလိမ်းခင် အင်္ကျီအရင် ရွေးကြသည်။ Luhan က အနက်ရောင် ကိုယ်ကျပ်ဂါဝန်ကို ရွေးချယ်လိုက်သည်။
Luhan က အကြိုက်တွေ့ပြီ ဖြစ်သော်လည်း Xiumin က ရွေး၍ မပြီးသေးပေ..

Luhan          :  Xiu ဒါလေးဝတ်ကြည့်

Luhan ပေးသော အင်္ကျီကို ဝတ်ကြည့်လိုက်တော့ Xiumin နှင့် ကွက်တိ ဖြစ်နေသည်။ ဒူးအပေါ်နားမှ စ၍ အနောက်သို့ ရှည်သွားပြီး လက်နှစ်ဖက်မှာ ပခုံးထက်တွင် လျောကျနေသော ဒီဇိုင်းနှင့် ဆင်စွယ်ရောင် အင်္ကျီလေးဖြစ်သည်။

Xiumin        : လှတယ်
unnie ရွေးပေးတာလေးပဲ ဝတ်တော့မယ်

မိတ်ကပ်ပြင်ပြီးချိန်မှာတော့ အဝတ်အစားလဲလိုက်ကြသည်။ ဆံပင်ပြင်နေတုန်းမှာပင် Kris ဆီက ဖုန်းဝင်လာသည်။

Luhan           : oppa ထွက်လာခဲ့တော့ ပြီးတော့မှာ.... nae

Luhan တို့ ဆံပင်ပြင်ပြီး ခဏမှာပဲ Kris တို့ ကားရောက်လာသည်။
ထို့နောက် Kris နှင့် Luhan က တစ်စီး Lay နှင့် Xiumin က တစ်စီး သက်သက်စီ ထွက်ခဲ့ကြသည်။

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

Xiumin     :  oppa ရှေ့ကိုလဲ ကြည့်ဦး မီးစိမ်းနေပြီ . haha

Lay           : Xiu က အရမ်းလှနေလို့ မကြည့်ဘဲမနေနိုင်ဘူး

Xiumin     : ဒါဆို နေရာလဲမယ် oppa ဒီဘက်လာ

Lay           : ဟားဟား မကြည့်တော့ပါဘူး နော် ရပြီလား

Xiumin     : အင်း Xiu ပဲ Oppa ကို ကြည့်နေမယ် hee hee oppa ဒီနေ့ အရမ်းချောနေတယ်

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

hotel သို့ရောက်သောအခါ Lay နှင့် Xiumin က Kris တို့ နောက်မှ လိုက်ကြသည်။
Lay က လက်မောင်းအနေအထားကိုပြင်လိုက်ပြီး Xiumin ၏လက်ကလေးကိုကိုင်ပြီး သူ့လက်မှာ ချိတ်စေလိုက်သည်။

Hall ထဲတွင် လူအများအပြားရောက်နေပြီ။
အမျိုးသမီးများကလည်း လှပစွာဝတ်ဆင်ထားပြီး အမျိုးသားများကလည်း suit များဖြင့် smart ကျနေသည်။
အားလုံးလိုလို အဆင့်အတန်းမြင့်သောလူများ ဖြစ်ကြောင်းသိနိုင်သည်။ media သမားလို လူတွေလည်း တွေ့ရသည်။
အချို့ကလည်း စုပြီး စကားပြောနေကြသည်။
စားပွဲထိုးတွေကလည်း သောက်စရာများကို လိုက်၍ ဝန်ဆောင်မှုပေးနေသည်။

You Are My Destinyحيث تعيش القصص. اكتشف الآن