Chapter (2)

153 9 0
                                    

In the SM Town Coex,

"Wow! အောင်မလေး!!! SHINee တွေတစ်ပုံကြီးပါပဲလား!!!"

"ဟဲ့ ဖြေးဖြေးပြော... သူများတွေကြားရင် အရူးထင်နေဦးမယ်။ "

SM Town Coex ထဲရောက်ပြီးကတည်းက အိနြေ္ဒမဆည်နိုင်ဖြစ်နေသော Junghee ကို Key က ဘေးနားကနေ တိုးတိုးလေးကပ်ပြောလိုက်သည်။

Junghee ကတော့ ဂရုပင်စိုက်ပုံမပေါ်။

သူ့ ဘာသာ Album ဝယ်ဖို့  ဗျာများနေလေသည်။

Key ကတော့ သူ့ ကို မျက်စိနောက်တာနဲ့  အအေးဝယ်ဖို့ ထွက်သွားတော့သည်။

"Unnie... SHINee View နဲ့  Married To The Music Album တွေပေးပါ။"

"Nae... ဒီမှာပါ။"

"Nae... Gomawo.... ဟဲ့ ပလုတ်တုတ်..."

Junghee တစ်ယောက် Album တွေရလို့  အပျော်တွေလွန်ပြီး သူ့ ဘေးနားက ဖြတ်လျှောက်လာသူကို ဝင်တိုက်မိတော့သည်။

ပြီးတော့ သူပဲမှောက်ခုံလဲသည်။
မှောက်ခုံလဲတာလည်း ခြေကားယားလက်ကားယား....

"........ဗြိ......."

ဟိုက်... သေဟ.....

သူဝတ်ထားတဲ့ ဒူးဖုံး skirt အတိုလေးက ပေါင်လယ်လောက်ထိပြဲသွားသည်။

သူ့ နောက်က Album ဝယ်နေတဲ့ ကောင်မလေးတွေက သူကိုကြည့်ပြီးရယ်နေကြတော့ သူလည်းရှက်ပြီးမျက်နှာကြီးနီရဲလာတော့သည်။

<< Junghee ရယ်... သေလိုက်ပါတော့ ဒီလောက် လူအများကြီးရှိတဲ့နေရာမှလာပြီး မှောက်ရက်လဲရတယ်လို့ ... အီးဟီးဟီး... ရှက်လိုက်တာ... >>

အဲ့ဒါနဲ့ ပဲ သူ့ရဲ့ Album ထုပ်ကြီးဆွဲပြီး ပြေးထွက်လာခဲ့သည်။

"ဒီမှာ... ဒီမှာ.... ဟိုကောင်မလေး...."

အနောက်က သူ့  ကိုလှမ်းခေါ်နေသံတွေကြားပေမယ့်လည်း နောက်တောင်ပြန်လှည့်မကြည့်ပဲ တစ်ချိုးတည်းလစ်ပြေးတော့သည်။

<< ဟူး... Coex အပြင်ရောက်မှပဲ Kibum ကို ပြောပြတော့မယ် >>

~~~~~~~~~~~~~~~~~~~~~~~~~~~~

အပြန်လမ်းတစ်လျှောက်လုံး Key တစ်ယောက် တဟားဟားနဲ့ အော်ရယ်နေလေသည်။

"ဟဲ့... မျောက်အုန်းသီးရသလိုပဲ... ဘယ်လိုဖြစ်နေတာတုန်း...."

"ဟားဟား... နင့်ပုံက ရယ်စရာကောင်းလို့ ပါဟ... ဘယ်လိုဖြစ်ပြီးမှောက်ရက်လဲ... ပြီးတော့လည်း လူအများကြီးရှေ့မှာ" XD

Only OneWhere stories live. Discover now