Chapter (5)

56 5 0
                                    

@ hospital

Junghee တစ်ယောက် Key ကို ဆေးတွေဘာတွေ သွင်းလိုက်တော့မှ နည်းနည်းစိတ်သက်သာရာရသွားသည်။

ဒါပေမဲ့ သူကတော့ သတိပြန်မရသေး။

"ဟူးး တော်သေးတာပေါ့။ နှုတ်ခမ်းလေးတွေတော့ နည်းနည်းပြန်နီလာသလိုပဲ။
နေပါဦး။ ဒီ Kim Kibum ဒီလောက်ထိ shock ရအောင် ဘယ်လိုများနေလဲမသိ... စိတ်တိုထှာ..."

တစ်ယောက်တည်း Key ကို ကျိန်ဆဲနေမိတော့သည်။

ထိုစဉ်...

"Jorgi...."

အခန်းတံခါးလေးက ဖြေးညှင်းစွာပွင့်လာ၍....

"😳😳😳 Jonghyun-shi!? ဘယ်.. ဘယ်လိုလုပ်... ဒီကိုရောက်လာတာလဲ?"

Jonghyun က စာအုပ်လေးကို ထောင်ပြလိုက်ရင်း...

"Ahh... Junghee ဆီ စောစောက ဒီစာအုပ်လေး ပြန်ပေးဖို့ လာရင်း ambulance ကိုတွေ့ လိုက်လို့  ဘာများဖြစ်လဲဆိုပြီး လိုက်လာတာ... ဒါနဲ့ ... သူက?"

"Ahh... သူက Kim Kibum ပါ။ ငယ်သူငယ်ချင်းလေ။ တစ်တိုက်တည်းတူတူနေတာ... "

"Ahh... လာကြိုဖို့  လုပ်တဲ့တစ်ယောက်..."

"Nae... ဒါနဲ့  မထိုင်တော့ဘူးလား Jonghyun-shi?"

"ရပါတယ်။ အခုပဲပြန်တော့မှာ။ ဒီမှာစောစောက သူငယ်ချင်းဆရာဝန်တစ်ယောက်နဲ့ တွေ့ လို့  သူနဲ့တူတူ ညစာစားမယ်လို့ ပြောလိုက်မိတယ်။ "

"Aww... အဲ့လိုလား။ 😁 လိုက်လာပေးတာ ကျေးဇူးပဲနော်။ စာအုပ်ပြန်လာပေးတာရောပဲ... "

"ဟဟ... ရပါတယ်။ နောက်လည်းလိုရင်ခေါ်ပေါ့..."

"Gomawoyo..."

ထိုအချိန်...

"ခဏလောက်ဖယ်ပေးကြပါနော်။ တာဝန်ကျဆရာဝန်ရောက်လာလို့ ပါ။"

Nurse ၏ စကားကြောင့် Junghee ရော Jonghyun ပါ နောက်ကိုဆုတ်ပေးလိုက်ကြသည်။

"Anneyeong... ကျွန်တော်က ဒီလူနာရဲ့  တာဝန်ကျဆရာဝန်ပါ..."

ချိုသာလှတဲ့ အသံလေးကြောင့် Junghee လည်း ဆရာဝန်ကို မော့ပြီးကြည့်လိုက်ချိန်...

ချိုမြိန်လှတဲ့ သူ့ အပြုံး၊ တောက်ပလှတဲ့ သူ့ မျက်ဝန်း၊
ဖွေးနုနေတဲ့ အသားအရေ၊ ယောက်ျားဆန်ဆန်ခန္ဓာကိုယ်အချိုးအစား၊
မြင်တဲ့သူတိုင်းငေးကြည့်ရလောက်တဲ့ သူ့ မျက်နှာ...

Only OneWhere stories live. Discover now