"မသွားပါနဲ့..."
"......." 😳
"မသွားပါနဲ့.... ငါ့ဘေးနားမှာပဲနေပေး...
ငါမှနေမကောင်းသေးတာ..."Junghee မျက်လုံးတွေ ဝိုင်းစက်သွားပြီး...
"Kibum-ma..."
သူ့လက်ကို အတင်းဆွဲထားတဲ့ Key ကို ကြည့်ပြီး ခေါင်းတွေ ရှုပ်လာသလို ခံစားရသည်။
နောက်တော့ Key ဘေးနားမှာ ဝင်ထိုင်ရင်း....
"ဘာကိစ္စမျက်နှာကြီးက စူပုပ်နေတာတုန်း...
ပြီးရော... ဘယ်မှမသွားတော့ဘူး။
အခုလောလောဆယ် ပါးစပ်ပိတ်ပြီး အိပ်တော့...
နေလည်းသိပ်ကောင်းသေးတာ မဟုတ်ဘဲနဲ့..."Key တစ်ယောက် အခုမှ မျက်နှာပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်လာပြီး အိပ်ဖို့ ပြင်တော့သည်။
"Aigoo ဝက်ပေါက်လေးကျနေတာပဲ။ ရုပ်ကိုက..."
"သေချာတယ်နော်။ နင်ဟိုဆရာဝန်ဆီ လိုက်မသွားဘူးဆိုတာ... "
"မသွားပါဘူးဆိုနေ..."
"ငါတစ်ယောက်တည်း မနေချင်လို့..."
"ဘာလဲ... သရဲကြောက်လို့လား..." 😈😈😈
"မဟုတ်... မဟုတ်ပါဘူး..."
"ကြည့်... ကြည့်... ခုတောင် စကားတွေ ထစ်ကုန်ပြီ မလား... "
"Yah!!!!"
ခဏလောက်ကြာတော့...
Junghee တစ်ယောက် ဆိုဖာပေါ်မှာ ထိုင်ပြီး တီဗီကြည့်နေရတာ ပျင်းလာတာနဲ့...
"Kibum-ma ဂိမ်းကစားမလား..."
အိပ်ချင်မူးတူးနဲ့ Kibum သံ ပြန်ထွက်လာသည်။
"အာ... သူများ အိပ်ပျော်တော့မဲ့ဟာကို...
ဘာဂိမ်းလည်း ပြော...""သရဲပုံပြင်ပြောတဲ့ ဂိမ်း " 👻
Key တစ်ယောက် စောင်ပုံထဲက ခေါင်းလေးသာဖော်ပြီး ကြုံးအော်ပစ်လိုက်သည်။
"KIM JUNGHEE!!!!!!!!!!" 😡
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
Onew's POV
Professor ဆီက ပြန်လာပြီး Key အခန်းရှေ့မှာ ယောင်လည်လည်လုပ်နေမိသည်။
အခန်းထဲဝင်ပြီး နှုတ်ဆက်သင့်လား။
တစ်မျိုးကြီးများဖြစ်နေမလား။
ဒီကြားထဲ လူနာဆိုတဲ့ တစ်ယောက်ကလည်း သူ့ရည်းစားလား ဘာလား မသိ။
တစ်မျိုးထင်မှာလည်း စိုးရသေးသည်။

YOU ARE READING
Only One
Fanfictionဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူနဲ့တွေ့ခဲ့ပြီးနောက်ပိုင်းမှာ ဘယ်ယောက်ျားလေးကိုမှ ရင်မခုန်တတ်တော့တာပဲ။ ကျွန်မဘဝမှာ သူ့တစ်ယောက်တည်းကိုပဲ ချစ်ခဲ့ဖူးတာ... ~ Only One ~