Junghee's POV
▪️▪️▪️▪️▪️▪️▪️
ကားပေါ်မှာ သူတို့ နှစ်ယောက် ဘာမှမပြောဘဲ ငြိမ်ငြိမ်လေးလိုက်လာကြသည်။
နေ့ ခင်းက သူ့  သူငယ်ချင်းမတစ်ယောက်ကိုမေးကြည့်တာတော့ Jonghyun က တော်တော်စာတော်တဲ့ ကျောင်းသားဆိုပဲ...
ရုပ်ကလည်း ချောတော့ တော်တော် popular ဖြစ်တယ်တဲ့...
ဒါပေမဲ့ မဆိုးပါဘူးလေ... သဘောတော့ကောင်းသားပဲ....
သူ့ အတွေးထဲမှာ မျောနေတုန်း...
"Junghee က နည်းနည်းတော့ထူးဆန်းတယ်နော်။"
"Nae?"
"Ahh... နေ့ ခင်းက စကားကိုပြောတာပါ။"
"Ahh... Mianae Jonghyun-shi! ရိုင်းသွားသလိုဖြစ်သွားရင်တော့ တောင်းပန်ပါတယ်။ ကျွန်မက လူတွေကို သိပ်မယုံတတ်ဘူး။""Aww....."
Junghee စကားကြောင့် သူတို့ နှစ်ယောက် ပြန်လည်ပြီးတိတ်ဆိတ်သွားကြပြန်သည်။
ခဏကြာတော့...
"Hmm... Kibum ကိုဖုန်းထပ်ဆက်ကြည့်ဦးမယ်။ သူဘာဖြစ်နေလဲ မသိဘူး။"
Junghee က သူ့ ဖုန်းကိုထုတ်ပြီး Kibum ဆီနောက်တစ်ခေါက်ထပ်ခေါ်ကြည့်ပြန်သည်။
သို့ သော်.... မကိုင်သေးပြန်...
"Ahh... Kim Kibum...!!! Wae... ဘာဖြစ်လို့ လဲ..."
Junghee မျက်နှာတွင် Kibum ကို စိုးရိမ်နေသည်မှာ အထင်းသားပေါ်နေသည်။
"ဟို... လာကြိုမယ်လို့ ပြောတဲ့တစ်ယောက်လား"
"Imm... ဟုတ်တယ်။ အခုထိ ဖုန်းမကိုင်ဘူးလေ။"
"Junghee ရဲ့  boyfriend လား??"
Junghee ခေါင်းကို ခါရမ်းပြလိုက်ပြီး
"ငယ်သူငယ်ချင်းပါ။"
"Ahh... ဒါဆို Onew ဆိုတဲ့ တစ်ယောက်က ရည်းစားပေါ့...."
"ဟင်???? "
Junghee တစ်ယောက် အံ့သြသွားပြီး Jonghyun ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"သူ့ နာမည်ကို ဘယ်လိုလုပ်သိတာလဲ..."
"Ahh... ဘာလို့ အဲ့လောက်အံ့သြသွားတာလဲ... ဟိုတစ်နေ့  Junghee ဖုန်း lock screen မှာတွေ့လို့ပါ။ "
YOU ARE READING
Only One
Fanfictionဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူနဲ့တွေ့ခဲ့ပြီးနောက်ပိုင်းမှာ ဘယ်ယောက်ျားလေးကိုမှ ရင်မခုန်တတ်တော့တာပဲ။ ကျွန်မဘဝမှာ သူ့တစ်ယောက်တည်းကိုပဲ ချစ်ခဲ့ဖူးတာ... ~ Only One ~