Chapter (6)

84 2 0
                                    

▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Junghee's POV

Junghee တစ်ယောက် Onew နဲ့  Jonghyun ရှိရာကနေပြေးထွက်လာခဲ့သည်။

စိတ်ထဲမှာတော့ သူ့ ကိုယ်သူကျိန်ဆဲလျက်...

"Aish...!! သေသေချာချာမပြောမိအောင် ဂရုစိုက်ထားတာတောင် ပါးစပ်ကနေ လွှတ်ခနဲထွက်သွားသေးတယ်။ ဒုက္ခပဲ!"

သူဘာလုပ်ရမယ်မှန်း မသိသေး။ ကန်တင်းပြန်သွားရင်လည်း Onewတို့ နှစ်ယောက်နဲ့ ပြန်တိုးမှာ သေချာသည်။
ဒီအတိုင်းပြန်တက်သွားပြန်တော့လည်း ဆန်ပြုတ်က မဝယ်ရသေး။

နေ... နေပါဦး... ဘယ်နှနာရီထိုးပြီတုန်းဟ...

😳 ဗုဒ္ဓေါ... သူ Key ကိုထားခဲ့တာ ၁ နာရီခွဲလောက်ရှိနေပြီ။ ဒင်းတော့ ဗိုက်ဆာလို့ အော်နေတော့မှာပဲ... 😧

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"Yahhhh!!!! ဆန်ပြုတ်သွားဝယ်တာလား ဆန်ပြုတ်ပြုတ်ဖို့ စပါးသွားစိုက်နေတာလား!!!" 😖

အခန်းထဲဝင်လိုက်တည်းက စပြီး ကြားလိုက်ရတဲ့ အာပြဲသံကြီး...

"မဟုတ်ပါဘူးဟာ... "

Junghee မျက်နှာငယ်လေးနဲ့ Key ကိုပြန်ပြောလိုက်သည်။

"နေစမ်းပါဦး... ဘယ်မှာတုန်း ဆန်ပြုတ်..." 😒

"ဟို ဟိုလေ... အဲ့ဒီ့ဆိုင်က မဖွင့်လို့ ..." 😬😬😬

သွား ၃၂ ချောင်းလုံးပေါ်အောင် ပြုံးဖြီးပြီး ပြောလိုက်သော်ငြားလည်းဘဲ...

"တော်စမ်း... နင် Jonghyun ဆိုတဲ့ တစ်ယောက်နဲ့ သွားတွေ့တာ မလား... သူက ဘယ်သူလဲ။ ဘယ်ကတွေ့တာလဲ။ အရပ်ပုပုနဲ့ ကြည့်ရတာ စာရေးဆရာလိုလို ဘာလိုလို... နင့်ကောင်လေးလား။ ပြောစမ်းဘာ...."

ဟွန်း... မေးခွန်းတွေကများလိုက်တာ... ဘယ်နားက စဖြေရမယ်မှန်းတောင် မသိဘူး...

"Yah! ပြောစမ်းဘာ..."

"ပြောပါ့မယ် Key မ ရယ်..."

Junghee လည်း Jonghyun နဲ့ စပြီး တွေ့တဲ့ အကြောင်းကနေ အခုအထိ အကုန်ပြောပြလိုက်လေသည်။

ဒါပေမဲ့ Onew အကြောင်းကိုတော့ ချန်ထားခဲ့သည်။

Onew အကြောင်းကို သူ Key ကို အမြဲမပြောပြခဲ့။
သူ့ phone wallpaper ပေါ်က နာမည်အကြောင်းမေးလဲ အမြဲတမ်း သူစကားလွှဲခဲ့သည်။
ဘာကြောင့်လဲတော့ သူလည်းစဉ်းစားမရ...

Only OneWhere stories live. Discover now