Changed Herself

328 29 0
                                    

Heemin's Pov; Omo!!! ငါဒီနေ့ကျောင်းစတက်ရမှာပဲ Huu~~~ တစိမ်းအရပ်မှာငါဘယ်လိုနေရမလဲ ရင်လေးလိုက်တာ Omm!! အကြံရပီ ငါသာယောက်ျားလေးလိုနေရင် အန္တရာယ် မရှိပူး မိန်းကလေးတွေကပ်နေရင်လဲ မိန်းမအချင်းချင်းဆိုတေ့မပူရဘူး ပီးတော့ ငါအချိန်ပိုင်းအလုပ်ရှာရင်လဲအဆင်ပြေတယ် ဒါပေမဲ့ငါဘယ်လိုပုံစံပြောင်းရမလဲ ဆံပင်ရော အဝတ်အစားရော လမ်းလျောက်တာရော အရေးကြီးတာက ငါ့အသံရောပဲ အသံကတော့ ကိစ္စသိပ်မရှိပေမယ့် ငါကမိန်းကလေးဆိုတော့ ထွက်သင့်တာတွေ ထွက်နေတာဘယ်လိုလုပ်ရမလဲ...... Omma ကယ်ပါ ဗြဲ......... Huu~~ Kang Min ji Aja Aja Fighting.....You can do this ....အရင်ဆုံး Hair Style ပြောင်းရမယ်

Minn Ji ခေါ် Heemin တစ်ယောက် ဆံပင်ကို ကိုယ့်ဘာသာကို ဂျပန် Anime ပုံစံ ခပ်ဖွာဖွာနဲ့ မျက်နှာကိုအုပ်အောင် ညှပ်လိုက်တယ် တော်သေးတာပေါ့ မြန်မာမှာတုန်းက Salloon တခုမှာ သင်ထားခဲ့မိတာ ကံကောင်းပေလို့ပဲ....ပီးတော့ သူမရဲ့ ရှပ်အင်္ကျီတွေထဲကမှ အနီနဲ့ အနက်စင်းပါတဲ့ BTS Shirt လေးကို ဂျင်းဘောင်းဘီ အနက်လေးနဲ့ဝတ်ကာ အပေါ်က အနွေးထည်ပါးပါးလေးဝတ်ပီး ကျောင်းကိုထွက်လာပါတော့တယ်
~~~~~~~~~~~~~
@ Uni

သူမကိုဝိုင်းကြည့်နေတဲ့သူတွေအများကျိပဲ မိန်းကလေးတွေလဲ ပဲပေးပီး ကြည့်နေပီး ယောက်ျားလေးတွေကလဲ အားကျသလို အံ့ဩသလို အကြည့်တွေနဲ့ ကြည့်နေတယ် အင်းလေ......ဘာပဲပြောပြောမိန်းကလေးဆိုတဲ့ ရုပ်အခံရယ် ဂျပန်ကာတွန်းထဲကလို ဆံပင်ကိုမှ ခဲရောင်ဆိုးထားပီး မျက်နှာပေါ်ခပ်အုပ်အုပ်ကျနေတာကိုက ဆွဲဆောင်မှုရှိနေတာကိုး..... အားလုံးရဲ့အကြည့်တွေကိုလျစ်လျူရှုပီး
ဘယ်သူမှ ဂရုမစိုက်တဲ့ပုံစံနဲ့ ကျောင်း Canteen ဘက်သွားပီး Sandwich နဲ့ ice coffeeမှာကာ Canteen ရဲ့ ချောင်ကျတဲ့နေရာလေးမှာ သီချင်းနားထောင်ရင်း စာအုပ်ဖတ်နေလိုက်သည်။ ဒီလိုနဲ့ 15 mins ကြာတော့ Uni ရဲ့ ကျောင်းတက်ခေါင်းလောင်းသံကြောင့် သူနေရာမှထကာ ကျောင်းသားရေးရာကို ဦးတည်သွားလိုက်သည်။

ကျောင်းသားရေးရာဌာနမှာတော့ ဆရာမတွေအလုပ်ရှုပ်နေပီး မိန်းမတွေကြားထဲမှ ထင်ထင်ရှားရှား ဆရာကတော့ စာအုပ်ကို မျက်နှာပေါ်တင်ကာ ကြိုးစားပမ်းစား အိပ်နေရှာသည်။ သူ ဆရာမတစ်ယောက်ရဲ့ စားပွဲကိုသွားပီး ဖောင်ဖြည့်ဖို့မေးလိုက်တယ်

Hyung Or OppaWhere stories live. Discover now