Wuri Naughty Hyung

201 20 0
                                    


Heemin အထုပ်လေးဆွဲကာ Jhope ပြောတဲ့ အခန်းထဲ ဝင်လာမိတော့ ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေတဲ့ Jungkook ကို တွေ့လိုက်ရသည် Heemin ခြေသံဖွဖွနဲ့ ကုတင်နားလျောက်သွားလိုက်သည် Jungkook ကတော့ မနိုးသေး၊

Heemin's Pov; Oppa!Minee လေ Oppa တို့နဲ့ အခုလိုနေခွင့်ရတာကိုပဲ ကျေးဇူးတင်ပီး ဝမ်းသာမိတယ် Minne ချစ်တဲ့ Oppa ရယ်၊ Oppa ချစ်တဲ့ Member တွေရယ်နဲ့ ခုလိုနေရတာ Minne ဘဝအတွက် နောက်ဆုံးရက်ဆိုရင်တောင် Minne သေရဲသွားပီ

Heemin တွေးရင်းနဲ့ ဝမ်းနည်းလာပီး သူ့မျက်ဝန်းအိမ်မှ ပူနွေးသောမျက်ရည်တစ်စက်က Kook ပါးပေါ်ကို ကျသွားသည် Kook လဲ ပါးပြင်ကစိုစွတ်မှုကြောင့် မျက်လုံးလေးဖွင့်ကာ ဘေးဘီကိုကြည့်မိတော့.....

Kook> O.O ဟိုတစ်ယောက်ငိုနေတာလား

Heemin> Arnyiyo. မျက်လုံးထဲတစ်ခုခုဝင်သွားတာထင်တယ်

Kook> Aww. တော်တော်စပ်နေလား

Heemin> Arnyi. အဆင်ပြေ....ပြေ

Heemin စကားမဆုံးခင် Kook ကုတင်ပေါ်မှ ထထိုင်ကာ Heemin ခေါင်းလေးကိုဆွဲပီး မျက်ရည်စများနဲ့ ပြည့်နေတဲ့ မျက်လုံးလေးနားကိုကပ်ကာ လေနွေးနွေးလေးနဲ့ မှုတ်ပေးလိုက်သည် Heemin ကတော့ နေရာကနေ လိပ်ပြာလွင့် အသက်ပျောက်သွားသည့်အလား....Jungkook လဲ ရင်ခုန်သလိုအသံတွေကို ဘယ်ဘက်ရင်အုံကနေကြားနေရသလိုလို.....

Jungkook's Pov; *ကျနော် အိပ်နေတုန်း ကျနော့်ပါးပေါ်ကို ခပ်နွေးနွေးစိုစွတ်စွတ်အထိအတွေ့လေးလာကပ်တယ် အဲ့အနွေးဓာတ်လေးက သေးသေးလေးပေမယ့် ကျနော့်တစ်ကိုယ်လုံးကို ထွေးပွေ့ထားသလိုကိုနွေးနေတယ် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဟိုကောင်လေးပဲ V hyung မိတ်ဆက်ပေးတဲ့ အသစ်ဝင်မယ့်တစ်ယောက် သူ့မျက်လုံးမှာတော့ မျက်ရည်စလေးတွေ....... မျက်ရည်စလေးတွေတွဲလွဲခိုနေပီး အသက်ရှူကျပ်လို့ ပါးစက်လေးအနည်းငယ်ဟကာ အသက်ရှုနေတဲ့ သူ့ပုံစံက Sexy အရမ်းကျတယ် သူ့ကိုကြည့်နေရင်း ကျနော့်ရင်ဘတ်တစ်ခုလုံးနွေးလာသလိုပဲ သူကတော့ကျနော်ကြည့်နေတာ မသိဘူးထင်တယ် အခန်းပြတင်းပေါက်က လေတိုက်လို့လွင့်နေတဲ့ လိုက်ကာစလေးဘက်ကိုလှည့်ပီး မျက်စိမှိတ်ထားတယ် မျက်ရည်စလေးတွေကတော့ မျက်တောင်ဖျားလေးမှာ ခိုနေတယ် ကျနော့်အတွက်ကတော့ ပန်းချီတစ်ချပ်ကြည့်နေရသလို အသက်ရှုတောင်မှားတယ် မျက်ရည်စလေးတွေက မျက်တောင်မှာကပ်နေတယ် မျက်လုံးလေးကတော့ မှိတ်လျက်သား ပီးတော့ နှာခေါင်းလုံးလုံးလေးက ရဲနေတယ် နှုတ်ခမ်းပါးပါးလေးကို မပွင့်တပွင့်ဟကာ အသက်ရှုနေတဲ့ သူ့ပုံစံ၊ အင်္ကျီလက်ရှည်အထူကြောင့် ချွေးစလေးတွေထွက်ကာ ကပ်နေတဲ့ သူ့နားသယ်စပ်က ဆံပင်လေးတွေ၊ တိုက်နေတဲ့လေပြည်လေးတွေကို ခံစားရင်းမော့ထားတဲ့ အတွက်ကြောင့် ပေါ်နေတဲ့ သူ့လည်တိုင်ဖွေးဖွေးလေး၊ Arrrr!!! ကျနော့်ကိုပြုစားသွားသလိုပဲ ရင်တွေလဲခုန်နေတယ် ကျနော်သူ့ကိုများချစ်မိသွားပီလား

Hyung Or OppaWhere stories live. Discover now