First meet, First Kiss

243 28 1
                                    

Heemin တစ်ယောက် ကျောင်းဆင်းတာနဲ့ အချိန်ပိုင်းအလုပ်ရှာဖို့ ပြေးလွှားရပါတော့တယ်။ ကော်ဖီဆိုင်တခုရှေ့မှာကပ်ထားတဲ့အလုပ်ခေါ်စာတခုကိုတွေ့ပီး ဝင်လာခဲ့တယ်။ သူဝင်လာတာနဲ့ ကောင်တာက ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်က အပြုံးလေးနဲ့ဆီးကြိုပါတော့တယ်

Girl; ဘာအလိုရှိပါသလဲရှင်

Heemin; ဟိုလေ....ဒီမှာအချိန်ပိုင်းအလုပ်ခေါ်ထားတဲ့ စာတွေ့လို့ပါ

Girl;Arr.Nae သူဌေးနဲ့တွေ့ကြည့်ပါရှင် သူဌေးက ဟိုဘက်မှာထိုင်နေပါတယ်

ကောင်မလေးက ပြောရင်းနဲ့ အခန်းတခုကိုညွှန်ပြလေသည်

Heemin ထိုအခန်းထဲဝင်သွားတော့ ပြတင်းပေါက်ကိုကြည့်ရင်း သူ့ကိုကျောပေးရပ်နေတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

Heemin; ဟိုလေ ဒီမှာ အချိန်ပိုင်းအလုပ်သမားရှာနေတယ်ဆိုလို့ပါ

Taeyeon; Arr.Nae. အလုပ်လာလျောက်တာလား

Heemin; Nae

yeon;ဘယ်အချိန်လောက်အလုပ်ဆင်းပေးနိုင်မလဲ

Heemin;3 နာရီနောက်ပိုင်းဆိုရပါတယ်

yeon; အာ့ဆိုအဆင်ပြေသားပဲ ညနေ 5နာရီကနေ 9 နာရီအထိဆင်းပေးနိုင်မလား

Heemin;Nae သူဌေး

Taeyeon; ဒီတိုင်း Noonaလို့ပဲခေါ်ပါ နာမည်ကရော

Heemin; Kang Heemin ပါ

Taeyeon; Inn.Noonaက Kim Tae Yeon . ဒါဆို မနက်ဖြန်ကစပီး အလုပ်ဆင်းလိုက်နော်

Heemin; Nae Noona

အလုပ်ရတာနဲ့ Heemin ဆိုင်ထဲကနေမြူးကြွစွာ ထွက်လာလိုက်သည်။ စာကြည့်တိုက်သွားပီးရင် အိမ်ပြန်ရမယ်လေ
~~~~~~~~~~~~~~~
@ Library

Heemin စာအုပ်တချို့နဲ့ ဂီတနုတ်စ် စာအုပ်တချို့ကို ရွေးပီး စာကြည့်တိုက်ရဲ့ ထောင့်နားမှာ ထိုင်ဖတ်နေလိုက်သည်........

@10 O'Clock

စာအုပ်ဖတ်နေ၍သတိမထားမိသော Heemin စာကြည့်တိုက်မှူးက 10 နာရီထိုးပီ ဆိုမှ အိမ်ပြန်လာလိုက်သည်

10 နာရီဆိုပေမယ့် လမ်းမှာလူရှင်းနေသည် သူနေတဲ့တိုက်ခန်းကလဲ တော်တော်အလှမ်းဝေးသည်လေ ဆက်လျောက်လာရင်းနဲ့ လမ်းကြားတစ်ခုရောက်တော့ Heemin ဆောင့်ဆွဲခံလိုက်ရသလို ခံစားရသည် ပီးတော့ အုတ်နံရံတစ်ခုဆီကို အတွန်းခံလိုက်ရသလိုခံစားလိုက်ရသည် အုတ်နံရံရဲ့ မာကြောမှုနဲ့တွန်းခံရတဲ့အရှိန်ကြောင့် ကျောဘက်ကအောင့်တက်လာသည် မိန်းကလေးဆိုတော့ အသံထွက်ပီးပါအော်မိသည် ဒါပေမဲ့ အော်သံကအပြင်မရောက် သူ့ကိုဆွဲလိုက်တဲ့ လူရဲ့ နှုတ်ခမ်းအတွင်းမှာပျောက်သွားပီ Heemin သူ့နှုတ်ခမ်းကစိုစွတ်မှုကြောင့် မျက်လုံးများပြူးကျယ်သွားရသည် လန့်ပီးတွန်းမိသော်လည်း ထိုသူကလုံးဝမလွှတ် နှုတ်ခမ်းကိုတောင် ကိုက်လိုက်သေးသည် ခဏကြာတော့ ခြေသံတွေကြားလိုက်ရသည် ဒေါသထွက်နေတဲ့စကားသံကိုလဲ နားစွန်နားဖျားကြားလိုက်ရသည် ဘာတဲ့?? ဖမ်းမိခါနီးမှပျောက်သွားတဲ့အပြင် အရှက်မရှိတဲ့ စုံတွဲနဲ့တွေ့နေရတယ်ဆိုလားပဲ.....ဒီမှာကဘယ်သူမှမရှိဘူးဆိုတော့ စုံတွဲဆိုတာက Heemin နဲ့ သူ့ကိုအငမ်းမရနမ်းနေတဲ့သူပေါ့.....ထွီ..ရွံထှာ ငါ့ First Kiss လဲ ပါသွားတဲ့အပြင် အလိုလိုနေရင်း တဏှာရူးရဲ့ရည်းစားဘွဲ့ပါ ရလိုက်သေးသည်။ဟိုလူကလဲ ပိုတိုးပီး Heemin နှုတ်ခမ်းကို အပေါ်တစ်လှည့် အောက်တစ်လှည့်စုပ်ကာနမ်းနေသည် Heemin ဒူးတွေတောင်မခိုင်ချင်တော့ လက်ကလဲ မှီထားတဲ့ နံရံကို ကုတ်ခြစ်နေမိသည် ထိုစဉ် ဟိုလူက Heemin လက်တစ်ဖက်ကို သူ့လည်ပင်းကိုဖက်ထားစေပြီး ခါးကိုကိုင်ထိန်းပီး အနမ်းမိုးများရွာသွန်းနေသည် သူ့ရဲ့ လျှာကလဲဝင်ခွင့်တောင်းနေသည် Heemin မောလာလို့ပါးစပ်ခဏဟတာကိုအခွင့်ကောင်းယူကာ သူ့ခံတွင်းထဲကိုလျှာနဲ့ကစားနေသည်...... Heemin  မျက်ရည်များကျလာသည် ..သူ့ရဲ့ First Kiss ကို ဘယ်သူမှန်းမသိတဲ့သူက ပယ်ပယ်နယ်နယ် Feel အပြည့်နဲ့သိမ်းပိုက်သွားသောကြောင့်ဖြစ်သည်...ခဏကြာတော့မှထိုသူက Heemin ရဲ့ နှုတ်ခမ်းကိုလွှတ်ပေးလိုက်သည်။ ပီးတော ချွတ်ထားတဲ့ သူ့ရဲ့ Mask ကိုပြန်တပ်ရင်း ပြောသွားသည် ဘာတဲ့?? တောင်းပန်ပါတယ် ပီးတော့ ကျေးဇူးပါတဲ့.....တောင်းပန်ရုံနဲ့ရမလားလို့ပြန်ရန်တွေ့မလို့ရှိသေး ထိုသူ ထွက်သွားခါနီး နားနားကပ်၍ပြောလိုက်တဲ့စကားကြောင့် မျက်နှာရဲလာပီး ကျောက်ရုပ်တခုလိုငြိမ်သွားမိသည်..........

Hyung Or OppaWhere stories live. Discover now