My heart Is breaking down....

303 25 4
                                    

Update မဟုတ်ပါဘူး ရင်ဖွင့်ချင်လို့ပါပြောလိုက်ရမှကျေနပ်မယ်ဆိုတာမျိုးလေ ငိငိ.... Reader တို့အသဲကွဲဘူးလားဟင်?? ဘယ်လိုနေလဲ?? ကျနော်ကတော့ ရင်တွေခုန်နေတယ် ပြုံးထားတဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေကျနေတယ် လက်တွေကလဲမသုတ်နိုင်လောက်အောင် အားပြတ်နေသလိုပဲ လည်ပင်းထဲလဲစို့နေတယ် တစ်ခုခုကို စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသလိုပဲ........ Hkhk စိတ်ဒဏ်ရာပဲလေ ဟုတ်တယ်မလား အာ့ကိုဘာတွေပြောနေမှန်းကိုမသိတော့ဘူး ရူးကြောင်ကြောင်နဲ့ သွေးရူးသွေးတန်းလျောက်လုပ်နေမိတယ် အသံတွေလဲတုန်လာတယ် မျက်ရည်တွေကတော့ မခန်းနိုင်သလိုကိုကျနေတယ်

တကယ်တော့ ကျနော်နဲ့သူနဲ့ပြတ်တာ3လကျော်ပီ ဒါပေမဲ့ ကျနော်ခုထိခံစားနေရတုန်းပဲ ပြတ်စကလူတကာဝိုင်းပြောတယ် နင်မှန်တယ်တဲ့ မဖြစ်နိုင်တဲ့အချစ်မချစ်နဲ့တဲ့ Aww မဖြစ်နိုင်ဘူးဆိုပါလား အေးပေါ့လေ မဖြစ်နိုင်ပါဘူး အပျော်အပြက်စရာကနေ မိန်းကလေးအချင်းချင်းကြိုက်မိသွားတယ်ဆိုတာ ဒါဘယ်ဖြစ်နိုင်မလဲ ဒါပေမဲ့လေ တကယ်ပါ တစ်နှစ်ကျော်ကြိုက်ခဲ့ဖူးတဲ့သူတွေနဲ့တုန်းက ဘာမှမဖြစ်ပဲ Fb ပေါ်မှာတွေ့ပီး နာမည်ရယ် အသက်ရယ် ပုံရယ်မြင်ဖူးရုံလေးကို ဘာတွေဒီလောက်စွဲလန်းမိတာလဲ Aww Tomboy လို့ပြောရအောင် ကျနော်မိန်းကလေးတစ်ယောက်ပါ လှချင်တဲ့ မိန်းမဆန်တဲ့ မိန်းမတစ်ယောက်ပါ တခါတလေတော့လဲ အရမ်းခံနိုင်ရည်ရှိချင်ယောင်ဆောင်မိတာလေးပဲရှိတယ့်မိန်းကလေးတစ်ယောက် ဒါဆို သူမကအရမ်းချောနေလား..... မချောဘူးတဲ့ သူများတွေပြောနေတာပါ ဝတယ် နင်နဲ့မတန်ဘူးတဲ့ ပညာအရည်အချင်းကလွဲပီး ဘာမှကောင်းကွက်မရှိဘူးတဲ့ ဒါဆို ဘာလို့ဒီလောက်စွဲလန်းမိတာများလဲ သူ့ရဲ့ Facebook acc နာမည်ထဲက တစ်လုံးကြားမိရင်တောင် ရင်ထဲဆို့တက်လာရတယ် ကျနော့်ကိုသူမ ကျိန်စာများတိုက်ခဲ့လေသလား သူပြောခဲ့တယ် ချစ်တယ်တဲ့ သူ့အတွက်ဂရုစိုက်မှုတွေလိုအပ်ပေမယ့် သူအရမ်းသည်းခံပေးခဲ့တာ ကျနော့်ကိုပဲတဲ့...... သေချာပါတယ် ဒီဇာတ်လမ်းဘယ်သူကြည့်ကြည့်ကျနော်မှားတယ် စမ်းရေလိုကြည်တဲ့သူ့စိတ်ကို နောက်ကျိစေခဲ့တယ် မှားခဲ့တယ် သူဒဏ်ရာတွေအနည်ကျကာမှ ကျနော့်စိတ်ကို အလိုလိုက်ပီး ထပ်ဒဏ်ရာပေးခဲ့တယ် သူကတော့ မမုန်းပါဘူးတဲ့ အပစ်မပြောချင်ဘူးတဲ့ ကျနော်ကိုရက်ရက်စက်စက် မပြောချင်ဘူးတဲ့ သူအတွက်ခံရခက်တာတွေ မသက်သာနိုင်ဘူးတဲ့ Aww..... ဖြူစင်လိုက်တာ ငါလိုလူနဲ့မတန်ပါလား ဆိုတဲ့အတွေးတစ်သက်မှာ တစ်ခါ ပထမဆုံးဝင်ခဲ့ရတယ် သူကတော့ပြုံးနိုင်နေခဲ့ပီ ကျနော်ကတော့ ငိုရင်းယိုရင်းသာ နေသွားရတော့မယ်ထင်ပါရဲ့ ညဘက်ရောက်ရင်ပိုလွမ်းတယ် ဒီတော့ နောက်တစ်မနက်မွေးဖွားပီး နောက်တစ်ည မရောက်ခင် ဒီညမှာပဲ သူ့စိတ်နဲ့ ကျနော့်ဇီဝိန်ချုပ်ပါရစေတော့ ........

ချစ်တယ်ဆိုတာ ထပ်မပြောပါဘူး ရင်ထဲမှာပြောရလွန်းလို့ အက်ကြောင်းထပ်နေပါပီ မင်းပြုံးနေလိုက်ပါ တည်ငြိမ်နေလိုက်ပါ အရင်ကလို အပစ်ပယ်ခံရရင် မငိုပါနဲ့တော့ ရင်အကွဲမခံပါနဲ့တော့ ကိုယ့်ဘဝမှာ မင်းကပထမဆုံး Yuri ချစ်သူဖြစ်သလို မင်းဘဝမှာလဲ ကိုယ်သာဖြစ်ခဲ့မှန်းသိပါတယ် ဒီတော့ ပြုံးနေပေးပါ ကိုယ်လဲ အင်း.....အတတ်နိုင်ဆုံးပြုံးနေမယ်လို့ပဲ ပြောရင်း မင်းကို တစ်နေရာမှာပဲမြုပ်ထားလိုက်တော့မယ်........ချယ်ရီ

You've reached the end of published parts.

⏰ Last updated: Dec 16, 2015 ⏰

Add this story to your Library to get notified about new parts!

Hyung Or OppaWhere stories live. Discover now