Episode 4

7.6K 755 38
                                        

"ချစ်​ရတဲ့ ​ကောင်​မ​လေးနဲ့ တူတူ "

"ဓာတ်​ပုံ ရိုက်​မယ်​ "

ကို က Ph camera ကို ဟို ဘက်​ချိန်​လိုက်​ ဒီဘက်​ချိန်​လိုက်​ နဲ့ Selfie ဆွဲဖို့ လုပ်​​နေတယ်​ ...ကျွန်​မ က​တော့ ထုံးစံ အတိုင်း အရုပ်​မျက်​နှာ​သေကြီး နဲ့ ...။

ကျွန်​မပြုံး​နေတာ ကျွန်​မရင်​ထဲ မှာ ​ပျော်​​နေမှန်း​တော့ သိပါတယ်​​လေ ...။

အပြင်​လူ​တွေကလွဲလို့​ပေါ့ ..။

အိမ်​အကူအ​ဒေါ်ကြီး တစ်​​ယောက်​​ခေါ်ထားတယ်​ ...ကို မအား​တော့ အိမ်​သန့်​ရှင်း​ရေး နဲ့ တခြား ကိစ္စ​တွေ လုပ်​ဖို့ ...ည​နေစာ ပြင်​ဖို့ ...ဘာညာ​ပေါ့ ..။ တခါတ​လေ အ​ဒေါ်ကြီးကကျွန်​မ​ ဆံပင်​​တွေ ကိုလည်း ဖီး​ပေး​သေးတယ်​ ...။

တစ်​ပတ်​အတွင်းမှာ ဆရာဝန်​က သုံးခါ​တောင်​လာတယ်​ ...​နေ့လည်​ဘက်​​တွေ ..။ ​​သောက်​​ဆေးရယ်​ ...ပြီး​တော့ နှစ်​သိမ့်​ ​ဆွေး​နွေး​ပေးတယ်​ ...ကင်​ဆာသမား​တွေ အတွက်​ အ​ရေးကြီးဆုံးက စိတ်​ဓာတ်​မကျဖို့မလား ?

"online က media ​တွေ ​ဆောင်းပါး​တွေ သိပ်​ဂရုမစိုက်​ပါနဲ့ ...လူ့သဘာဝကိုး "

ဆရာဝန်​ ကြီးက ​ပြောတယ်​ ...ကို ပြုံးရင်း ​ခေါင်းငြိမ့်​တယ်​ ...အမှန်​ ​တော့ အဲ့ ​နေ့ညက ကို မျက်​ရည်​​တွေ ဝဲ​နေခဲ့တာ ...ကျွန်​မပဲသိတယ်​ ..။

SH လုပ်​ငန်းစုရဲ့ ဆက်​ခံသူက နုတ်​ထွက်​တဲ့ အပြင်​ မင်္ဂလာပွဲ အတွက်​ပါပြင်​ဆင်​​နေတယ်​ ဆိုတော့ ...

သတင်းက ဘယ်​က​နေ ဘယ်​လို ​ပေါက်​ကြားသွားမှန်းမသိဘူး ...Mr.Han သွားညှိတယ်​ ...media corp ဘက်​က သတင်းကို လူထုထဲ မပြန့်​​အောင်​ ပြန်​ဝယ်​ ​ပေမယ့်​ ....ကို့ နာမည်​ရယ်​ ...လုပ်​ငန်းစု ကိစ္စ​တော့ မပါ​ပေမယ့်​ ...
အရုပ်​နဲ့ လက်​ထပ်​တဲ့ သတင်းထူးကြီး​တော့ အွန်​လိုင်းမှာ အကြီးအကျယ်​ ပြန့်​သွားပြီမို့ တားမရ​တော့တာ ...။

ဖြစ်​ခဲ့တာ​တွေ ထားပါ​တော့​လေ ...

ကျွန်​မ​ရော ကို​ရော ​နောက်​ သုံးရက်​ ​နေရင်​ လုပ်​မယ့်​ မင်္ဂလာ​ဆောင်​ အတွက်​ပဲ ပြင်​ဆင်​​တော့တယ်​ ....။

My Last BrideTempat cerita menjadi hidup. Temukan sekarang