Finale

7.5K 821 52
                                    

ကျွန်​မ ဒီသတို့ သမီး ဝတ်​စုံကို ဒုတိယအကြိမ်​ ဝတ်​ရပြန်​ပြီ ....။

သတို့သားမရှိတဲ့ သတို့သမီး​လေး​ပေါ့ ...။

အ​ဒေါ်ကြီး က အမှိုက်​ပုံ ပြန်​​ရောက်​လာတဲ့ ကျွန်​မကို​ရေမိုးချိုး သန့်​ရှင်း​ရေးလုပ်​​ပေးတယ်​ ..ဒါ​ပေမယ့်​ ...

ကျွန်​မ​လေ ...
ကို​ရေချိုးတာ​ပေးတာကို သတိရတုန်း ...။

အခုလည်း သတို့သမီး ဝတ်​စုံနဲ့ ...
အလှ ပြင်​ မှန်​​ရှေ့ မှာ ...။

Pre wedding photo ရိုက်​တုန်းက ကို​ဘေးက​နေ အလှ ပြင်​တာကို လာကြည့်​တာ သတိရ​သေးတယ်​ ..။

*Concealer ကို ပါးပါး​လေး သုံး​နော်​ ...ထူ​နေရင်​ ဖျက်​ရခက်​မှာ *

ကျွန်​မ ပါး​ပေါ်မှာ ​ပြေး​နေတဲ့ Brush မွမွ​လေး ....

*ပါး​​ပေါ်မှာ ပန်းနု​ရောင်​အစား ချယ်​ရီနု​ရောင်​​လေး သုံး​ပေး ...အို ကျွန်​​တော့်​ သတို့သမီး​လေး လှ​နေ​ရောပဲ *

အို ....နှုတ်​ခမ်းနီ ဆိုး ​နေပြန်​ပြီ ..။

*ရိုးရိုး နှုတ်​ခမ်းနီ အစား စ​တော်​ဘယ်​ရီ lip gloss ​လေး သုံး​ပေးပါလား ....အ​ရောင်​​လေး လက်​​နေ​အောင်​ *

အလှ ပြင်​​နေတိုင်း နာရီဝက်​လုံးလုံး ....
ကျွန်​မနားထဲ ကို့ စကား​လေး​တွေ ပြန်​ကြား​ယောင်​​နေတယ်​ ...

ကျွန်​မရင်​ထဲ ဆို့တက်လာပြီး ...
အဆီးအတား မရှိ မျက်​ရည်​​တွေ ကျလာတယ်​ ..

လူတစ်​​ယောက်​ရဲ့ တန်​ဖိုးကို
အဲ့လူ မရှိ မှ ပိုသိတယ်​ ဆိုတာ​လေ ....။

ကို ....ကြည့်​ပါဦး ..

ကို ....Yuan Yuan အလှ ​တွေ ပြင်​ထားတယ်​ ...

လှလားဟင်​ ?
မလှဘူး ​ပြောရင်​ ငို မှာ​နော်​ ...။

တချိန်​က မင်းသား​လေး ရဲ့ မင်းသမီး​လေး
ခု​တော့ ​သေလွန်​သူရဲ့ ကျန်​ရစ်​ အရုပ်​တစ်​ရုပ်​ ...။

ကို့ ဈာပန ကလူ​တွေ က ကျွန်​မကို ရွံရှာသလိုလို ...
သနားသလိုလို ......

ကို့ အသိုင်း အဝိုင်းက ကျွန်​မကိုလက်​မခံ ဘူး ...သိပါတယ်​ .....ကျွန်​မနားလည်​ပါတယ်​ ...။ အကြည့်​​တွေ က စိမ်းကား ​အေးစက်​လိုက်​တာ ...ကျွန်​မ အဲ့ လူ​တွေ ကို ​ကြောက်​တယ်​ ကို ..။

My Last BrideWhere stories live. Discover now