....Annyeong hasaeyo .....
အားလုံး မင်္ဂလာပါ ^^
ဒီ Fic လေး ကို ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ် ......Vote တွေ ရော feedback တွေ ရော
သူငယ်ချင်း အချင်းချင်း လက်တို့ကြော်ငြာပေးကြတာလေးတွေ ကြောင့်ရော ....MLB က အခုလို လူသိများလာတာပါ ...
ကျေးဇူးပါ .....My last bride က တကယ်တော့ သတင်းဆစ်ပုဒ်ပါ ...ရိုးရာလေး page မှာ စဖတ်မိတာပါ ....
အစကတော့ ရိုးရိုးပါပဲ ....သြော် .....သနားပါတယ်ပေါ့ ....
နောက်တော့ Cmt တွေ ဝင်ဖတ်မိတော့ ...
အောက်မှာ မျိုးချစ်တွေ တရားသမားကြီးတွေ ဆဲထားလိုက်ကြတာ ....ရစရာမကျန်ဘူး ...negative comment တွေ ချည်းပဲ ....
မူရင်း သတင်း Website တွေ လိုက်ရှာ ကြည့်တော့ ... Daily Mail UK အောက်က Reader တွေ ...နိုင်ငံခြားသားတွေပေါ့ ....သူတို့ဆီ မှာ လည်း ဒီမှာလို မျိုးချစ်တွေ ဆရာကြီးတွေ ရှိပုံရတယ် ......Asians are crazy ....Crazy Asians marry sex doll ...lol ....stupid dumb ...စသဖြင့် သူတို့အတွဲကို ဝိုင်း ပြောကြတာ ...... စိတ်မကောင်းစွာ ထပ်တွေ့ရပြန်ပါတယ် ......
ဒါနဲ့ ပဲ လောကကြီး ကို မကျေနပ်တာနဲ့ My last bride ကို ရေးဖြစ်ခဲ့တယ်ဆိုပါတော့ ......နောက်ဆုံးသတို့သမီး ပေါ့ ......
တကယ်တော့ my last bride လို့ နာမည်ပေးတာ ဇာတ်လမ်းနဲ့ မဆိုင်ပါဘူး ...my last fic လို့ ပြောချင်မိတာပါ ......အဲ့ အချိန်က ယိုကိုယ်တိုင်လည်း အရမ်း ကိုစိတ်ဓာတ်ကျနေတဲ့ အချိန် ..."နောက်ထပ် တစ်နာရီတောင် အသက်မရှင်ချင်တော့ဘူး " ဆိုတဲ့ mood မျိုး ဖြစ်နေခဲ့လေတော့ ဒီ fic လေး နောက်ဆုံးရေး .....author ဘဝ အဆုံးသတ်မယ်ပေါ့ ဗျာ ( ဒါပေမယ့် .... ဒီ fic လေးဟာ ရှေ့ဆက်ဖို့ တွန်းအားတွေ ပေးခဲ့တယ် )
သတင်း ဖတ်ချင်ရင် google မှာ " terminal cancer patient marry to sex doll " လို့ရှာပြီး ကမ္ဘာတစ်လွှား က သတင်း ဝက်ဘ်ဆိုက်က ဆောင်းပါးတွေ ကို ဖတ်လို့ရပါတယ် ....
နောက်တစ်ခုက ဇာတ်လမ်း ....
တကယ်က ယို သေချာမသိဘူး ....ယို သိတာတော့ ယိုရေးနေတုန်းကတော့ သူ အသက်ရှင်နေသေးတယ် ...Nov 6 မှာ သူတို့ wedding photo ရိုက်တယ် ....Nov 8 မှာ သတင်းတက်လာတယ် ......ယို Nov 10 မှာ ချက်ချင်း အပိုင်း ၁ စရေးတာ .....ချက်ချင်း ကို သူတို့ဘက်က ကာကွယ်မယ်ဆိုပြီး ကောက်ရေးတာကိုး ....
ESTÁS LEYENDO
My Last Bride
Novela JuvenilMy Last Bride (နောက်ဆုံးသတို့သမီး) ကမ္ဘာပေါ်မှာ တရားမဝင်သော ချစ်ခြင်းများစွာ ကို ဂုဏ်ပြုပေးကြပါလျက်နဲ့.... ဘာဖြစ်လို့များ ကျွန်မတို့ နှစ်ယောက်ကြားက ချစ်ခြင်းကို လက်မခံနိုင်ကြရတာလဲ ? ရှင်တို့ရဲ့ အချစ်အဘိဓာန်မှာ သက်ရှိနဲ့ သက်မ့...