တစ်ခုသော နေ့လည်ခင်းမှာ အိမ်အကူ အဒေါ်ကြီး ရောက်လာတယ် ...ကျွန်မကို ခေါင်းဖီးပေးနေတယ် ...
"မမလေး သနားပါတယ် ကွယ် ..သူ့ သခင် အစ်ကို လေးကို သတိရနေမှာပဲ "
ကျန်မ မျက်ရည်တွေဝဲရင်း ခေါင်းငြိမ့်ပြတယ် ...။ အဒေါ်ကြီးက ကျွန်မ မျက်နှာကိုလည်း တစ်ရှူးလေးနဲ့ သုတ်ပေးနေတယ် ...။
"မမလေး သိလား ...အစ်ကို လေးက အရင်က ချစ်သူရှိတယ် ....အဲ့ ကောင်မလေးကို ဆုံးရှုံးပြီးတည်းက အစ်ကိုလေး က အရယ်အပြုံးနည်းသူ ဖြစ်သွားတယ်လို့ အားဖန်ပြောတယ်... မမလေး ကို သူယူပြီး မှ ပြုံးလာတာတဲ့ "
"မမလေး ကို လေ တစ်ခါမှ အရုပ်လို့ မမြင်ဘူး ...မမလေး က လူနဲ့ အရမ်းတူတယ် ...တခါတလေ အသက်ရှိနေတယ်လို့ ထင်ရတယ် "
ကျွန်မ အဒေါ်ကြီးကို ပြုံးပြမိတယ် ...အဒေါ်ကြီးကလည်း ပြန် ပြုံးပြတယ် .....။
ရုတ်တရက်...
တံခါးခေါက်သံကြားရတယ် ...ကို ပြန်လာပြီလား မသိဘူး"မမလေး ...ခဏနော် "
အိမ်အကူ အဒေါ်ကြီး တံခါးသွားဖွင့်တယ် ....ရောက်လာသူက ကို့ရဲ့ ဒေါ်လေး ...ကွမ်ကျိုး ဘက်က မြေဂရန် လာရှာတာ ...လာခိုးတာ လို့ပြောရင် ပိုမှန်တယ်..။
သူနဲ့ အတူ လူ ၃ ၄ ယောက်လောက်ပါတယ် ...ရုပ်တော့ မမြင်ရသေးဘူး ...အသံကြီးတွေ ကကြောက်စရာကြီးတွေ ...။
"ရှင်ပြန်တော့ !!! ရှင် နောက်နေ့လည်းလာစရာမလိုဘူး !!! ကြားလား ....အိမ်ဖော်မကြီး ! "
အဒေါ်ကြီးကို ငေါက်လိုက်တယ် ...အဒေါ်ကြီး ကို အတင်း မောင်းထုတ်လိုက်ကြတယ် ...။ ကျွန်မ ဘယ်နားပုန်းနေရမလဲ?
"Cheng Xing Ren ဆိုတဲ့ ကောင် ...... မြေဂရန်ကို ဖွက်ထားတာ ...သေချာရှာကြစမ်း... သေခါနီးတောင် မြေဂရန် ကိစ္စပြောမသွားဘူး....ဥစ္စာခြောက်နေတယ် "
ကို့ ဒေါ်လေးက ငွေလို နေလို့ ကို့ မြေကွက်ကို ခိုးရောင်းဖို့ ကြံနေမှန်း ကျွန်မ သိလိုက်ရတယ် ...။ သိန်းရာနဲ့ ချီ တန်တဲ့ မြေကို ....ဘာလို့ မတရားယူချင်နေရတာလဲ ? ကို့ အခန်းထဲ ခိုးဝင်လာတဲ့ သူ့ကို ကျွန်မ မုန်းလည်း မုန်း ကြောက်လည်း ကြောက်တယ် ...။

ŞİMDİ OKUDUĞUN
My Last Bride
Genç KurguMy Last Bride (နောက်ဆုံးသတို့သမီး) ကမ္ဘာပေါ်မှာ တရားမဝင်သော ချစ်ခြင်းများစွာ ကို ဂုဏ်ပြုပေးကြပါလျက်နဲ့.... ဘာဖြစ်လို့များ ကျွန်မတို့ နှစ်ယောက်ကြားက ချစ်ခြင်းကို လက်မခံနိုင်ကြရတာလဲ ? ရှင်တို့ရဲ့ အချစ်အဘိဓာန်မှာ သက်ရှိနဲ့ သက်မ့...