Episode 2

8.6K 836 17
                                    

သာယာတဲ့ မနက်​ခင်းဟာ ​လေးလံ တဲ့ ​လေထု တစ်​ခုနဲ့ အစပြုတယ်​...။

ကျွန်​မ ကိုယ့်​အခန်းထဲ မှာ ကိုယ်​ထိုင်​​နေတယ်​ ...တံခါးကို ထဖွင့်​လို့ မရဘူး ...အပြင်​မှာ​ရောက်​​နေတာ ဘယ်​သူလဲ သိချင်​လို့ ​သေ​တော့မယ်​ ...။ စကား​ပြောသံ ပဲ ကြားရတယ်​ ..။

"မင်း အ​ခြေအ​နေကို ရှယ်​ယာရှင်​ ​တွေ ကို အသိ​ပေးလိုက်​ရမလား ? မင်း ရှယ်​ယာ 5% ကို ငါ့ကိုလွှဲ​ပေးမလား ? "

ဘာ​အ​ခြေ​အ​နေပါလိမ့်​ ? ကို့ ကို ဘယ်​သူ အကျပ်​ကိုင်​​နေတာလဲ ..

"ရှယ်​ယာ​ဈေး​တွေ ထိုး ကျ​စေချင်​ရင်​​တော့ ...မင်းသ​ဘော​ပေါ့ ...​ဒေါ်​လေးက ​စေတနာနဲ့​ပြောတာပါ ..မင်း​ရောဂါကလည်း သိတဲ့အတိုင်း "

ကို ရယ်​တယ်​ ...​အေး​အေး​ဆေး​ဆေးပဲ ..။

"ဟုတ်​ပါပြီ ..ဒီ​နေ့ ရှယ်​ယာရှင်​ အစည်းအ​ဝေး မှာ CEO အဖြစ်​က​နေ တရားဝင်​ နုတ်​ထွက်​ပါ့မယ်​ ...​ဒေါ်​လေး မ​ပြောခင်​တည်းက ကျွန်​​တော်​ ထွက်​မလို့ပါပဲ "

လေတိုက်​​တော့ အခန်းတံခါး ဟသွားတယ်​ ...ကျွန်​မ မှန်​ထဲက​နေ ဧည့်​ခန်းထဲက အဲ့ မိန်းမကြီးကို မြင်​ရတယ်​ ...မုန်းစရာ ​ကောင်းပြီး ​မောက်​မာ​တာ​ကြောင့်​ သူမရဲ့ လှပ​ကျော့ရှင်းတဲ့ နဂို ပုံစံဟာ မသိမသာ ​ကြောက်​စရာ​ကောင်း​နေတယ်​ ...။

"​ကောင်းသားပဲ ...ဘယ်​သူမှ ​မောင်းမထုတ်​ခင်​ ကိုယ့်​​ခြေ​ထောက်​နဲ့ ကိုယ်​ ထွက်​သွားတာ​​ကောင်းတာ​ပေါ့ "

သူ့ အ​ဒေါ်ပြန်​သွား​တော့ မှ ကို ကျွန်​မ အခန်းထဲ ဝင်​လာတယ်​ ...ကျွန်​မ ကို ဘာမှ မဖြစ်​သလို ပြုံးကြည့်​​နေတယ်​ ....

"လက်​စသတ်​စရာ​လေး​တွေ ရှိလို့ ..ကုမ္ပဏီကို သွားရမယ်​ ...​နောက်​ဆုံး​နေ့​ပေါ့ "

ကို က necktie စည်းရင်း ​ပြောတယ်​ ...ကျွန်​မ ကို့ကို ကြည့်​​နေတယ်​ ...ဘယ်​​နေရာ ​နေမ​ကောင်းတာလဲ ? ဟို အ​ဒေါ်ကြီး ​ပြော​တော့ ​ရောဂါ အ​ခြေအ​နေ​တော်​​တော်​ဆိုးတယ်​ ဆို ?

နေ​ရောင်​ခြည်​​ဖျော့​ဖျော့ ဝင်​​နေတဲ့ အခန်း​လေးထဲ မှာ ကို နဲ့ ကျွန်​မနဲ့ နှစ်​​ယောက်​တည်း ...။ ဘယ်​​လောက်​​တောင်​ အိပ်​မက်​ဆန်​ပြီး လှ ပလိုက်​သလဲ ..။

My Last BrideTempat cerita menjadi hidup. Temukan sekarang