The stranger....
Borah (purple) မြို့...
တောင်သုံးလုံးဝန်းရံလျက် အနောက်ဖက်မှ ထူထပ်စွာသော တောအုပ်စိမ်းစိမ်းကြီးကားတည်လျက်... တသီးတခြားရပ်တည်လျက်.... မြို့ဆိုသော်ငြား သေးငယ်လွန်းသော မြို့လေးတစ်မြို့ရယ်သာ...
မြို့ရဲ့အစွန်းစပ်ကျကျ တစ်နေရာမှာတော့ ကြီးမားကျယ်ဝန်းသည့် ခြံဝန်းကျယ်ကြီးတွင်း အသက်အရွယ်မတိမ်းမယိမ်းလူငယ်လေးများ က ဆင်တူအင်္ကျီလေးများဖြင့် ခေါင်းလောင်းသံနှင့်အတူ...ကြီးမားသော အဆောက်အဦး ကြီးမှသည်ပျော်ရွှင်စွာပြေးထွက်သူတို့ဖြင့် .. ဤကား haesaung မှော်ထိန်းသိမ်းရေးကျောင်းပေတည်း..... မျိုးစပ် မှော်ကလေးများအား သင်ကြားပြသပေးရာ...ကျောင်းပေတည်း
ထိုကျောင်းကြီး၏အနောက်ဖက် သိပ်မဝေးလှသောနေရာတွင်ကား စမ်းချောင်းကလေးရှိ၏။အချိန်သည်ကား ငှက်တို့ အဝေးတစ်နေရာအသိုက်အမြုံသို့ ဦးတည်သည့်အချိန် နီညိုညို ကောင်းကင်ကြီးကား အနောက်ဘက်ယွန်းယွန်းသို့ဝင်စပြုနေသည့် နေဝန်းနှင့်အပြိုင် ညိုးညိုး ငယ်ငယ် ဆွေးမြေ့မှုတို့ရောယှက်လျှက်ဝမ်းနည်းနေသယောင် ....
ထိုအချိန်ကား haesaung ကျောင်း၏ စာသင်ချိန်ပီးဆုံးချိန်... ကျောင်းသားများ အဆောင်အသီးသီးပြန်ရန် အချိန်...
Haesaung school သည်ကား အလွန် နာမည်ကြီးကာ ထင်ရှားသော ဂုဏ်ထူးဆောင်မှော်ပညာရှင်များစွာတို့ ထွက်ရှိရာကျောင်းပေတည်း....
သို့ကတည်း တင်းကြပ်သော စည်းကမ်းတို့ကား ထိုထယ်ဝါသောကျောင်းကြီး၏ ဂုဏ်ပုဒ်တစ်ခုပေတည်း....
ကျောင်းမှခွင့်ပြုသော မှော် ပွဲသဘင်အခမ်းအနားနှင့် မိဘများ လာရောက် ခေါ်ယူခြင်း ကဲ့သို့သောနေ့များမှအပ ကျောင်းဝန်း၏ အပြင်ဘက်သို့ထွက်ခွင့်မရှိပေ။....
သို့ကတည်း....."ဟေးးး.....ရေထဲနောက်ဆုံး ဆင်းတဲ့ကောင် ကြက်ဥပုတ်ပဲကွ.... ဆူညံစွာအော်ဟစ်ပြေးလွှား ၍ဆော့ကစားနေကြသည်ကား..ကျောင်းဝတ်စုံလေးများဖြင့် ဆင်မြန်းလျက်သား ယောက်ျားတစ်စု....အော်ဟစ်ပြေးလွှားရင်းသူ့ထက်ငါအလုအယက်ရေထဲ ပြေးဆင်းနေကြ၏။....
"ဟျောင့် jong Dae မင်းကရှေ့ကပြေးတော့အရင်ရောက်မှာပေါ့....မဆိုင်ဘူး အခုရပ် တစ်နေရာတည်းကတူတူပြေးမယ်..."" ပြောလိုက်သူကား အသားဖြူဖြူ အရပ်ရှည်ရှည် ချောမောလွန်းတဲ့ကောင်လေးတစ်ယောက်..
Chen:" kris hyung တို့က ခြေတံပိုရှည်တဲ့ဟာ အရင်ရောက်ရမှာကို
မပြေးနိုင်ရင်မပြေးနိုင်ဘူးမပြောဘူး ... "
Baek "ဟုတ်တယ် chen ပြောတာမှန်တယ်... " ရှေ့ဆုံးမှပြေးနေသူ chenနှင့်baekနှစ်ယောက် နောက်ကကောင်လေး သုံးယောက်ကိုလှည့်ပြောင်ပြရင်း ရှေ့ပြန်အလှည့်
Chen,baek:" O.o .....O_o..
Tao မင်းမညစ်ပတ်နဲ့ ဘာလို့အစွမ်းထုတ်သုံးတာလည်း ..."
Tao :" hyung တို့မတရားမပြောနဲ့ ကျွန်တော်မညစ်ပတ်ဘူးနော် hyungတို့ပြောသလို ခြေတံရှည်တဲ့လူက ပိုမြန်အောင် hyungတို့စကားကို မှန်အောင် ကူညီပေးနေတာကို..."ပြောလည်းပြောပြေးလည်းပြေးရင်း taoတစ်ယောက် ရှေ့ဆုံးမှပြေးနေချိန်...
" ဝှစ်" ... ကျွန်တော်အရင်ရောက်ပီဗျို့... kaiတစ်ယောက် စပ်ဖြီးဖြီိးမျက်နှာပေးဖြင့်လှမ်းအော်လိုက်သည်။
Chenနှင့် baek ကတော့မကျေမနပ် ပွစိပွစိဖြင့်သာ...မပြေးတော့ဘဲ kris နဲ့အတူလမ်းလျှောက်လာလေသည်။
ထိုအချိန် kaiတစ်ယောက် မြစ်၏ အထက်ပိုင်းအားလှမ်းမျှော်လျှက်...
"Hyung တို့ ဟိုမှာဖြူဖြူကြီးတစ်ခု မျောနေတယ် ဘာလဲမသိဘူး...ကျွန်တော်သွားကြည့်လိုက်မယ်"kaiရဲ့ အော်ပြောသံအဆုံးတော့ သူတို့အားလုံး အကြည့်တွေက မြစ်၏ ရေဆန်ပိုင်းသို့...
Kai တစ်ယောက်ထိုနေရာသိုရောက်အောင်ပြေးသွားရင်း...."အားးး...လူ လူသေကြီး......"...
Kai အော်သံကြောင့် သူတို့အုပ်စုလည်း kaiအနီး ရောက်ကုန်၏။
Kris" ပြစမ်း ...မပုတ်သေးဘူးကွ...chen စမ်းကြည့်စမ်းအသက်ရှိသေးလားလို့..."
Chen" arrr..hyungကလည်းကိုယ့်ဘာသာစမ်းပါလား...."
Taoတစ်ယောက်ကတော့ krisနောက်ပြေးဝင်ရင်း hyungသေနေပီထင်တယ်ပြန်ကြရအောင်လေ....."မျက်နှာကတော့ သွေးမရှိတော့သည့်နှယ်...
ကြားမှပင် baekမနေနိုင်တော့ ထိုလူ၏ နှာခေါင်းဝကို လက်ဖြင့်တေ့၍
Baek"အသက်ရှုနေသေးတယ်ကွ... ကျောင်းအုပ်ဆီခေါ်သွားကြမလား...."
kai:"hyung yar ဖြစ်ပါ့မလား သူက ဟိုအထက်က ပါလာပုံပဲ တို့လို့ သွေးစပ်မဟုတ်နိုင်ဘူးနော်...သိတဲ့အတိုင်း မှော်နပ်တောအုပ်ထဲကဆို ...မတွေးရဲဝူး..."
အားလုံးအသံကတိတ်ဆိတ်လျက် ထိုလူကိုသာငေးကာကြောင်ကြည့်နေကြရင်း..
Chen :" ဒါဆို သူ့ကို ဒီတိုင်းထားခဲ့မှာလား."
Tao:" မသိဘူးပြန်မယ်...."
Kris:" ခေါ်ခဲ့ ...ငါ့အခန်းမှာထားမယ်..မှာခဏထားမယ်....လောလောဆယ်တော့ သူ့ကို ဒီအတိုင်းထားခဲ့လို့မဖြစ်ဘူး..."
All:"hyung!!..."
Kai:" မဖြစ်ဘူး..hyung ကျွန်တော်တို့အခန်းထဲ ထားလို့မဖြစ်ဘူး...ကျွန်တော်တို့နှစ်ယောက်တည်းက ကိစ္စမရှိပေမယ့် ဟို တစ်ယောကိရှိတယ်လေ "
Kris :" ahh! ဟုတ်သားပဲ ဒါဆို chen မင်းတို့သုံးကောင်အခန်းမှာထားပါလား.."
Chen,baek,tao: " မလုပ်နဲ့ ....မထားဘူး ...ကြောက်တယ် မထားရဲဘူး.."
Tao :" တော်ကြာ အဆောင်ရောက်မှ သေပီး သရဲဖြစ်သွားရင်ဘယ်လိုလုပ်မလဲ မထားဘူးနော်..."
BINABASA MO ANG
ENCHANTED JUNGLE
Mystery / Thrillerhunhan fanfiction a mysterious guy and his love့ဲ