တစ်ဖန်ပြန်မှိတ်လိုက်တဲ့ မျက်ခွံတို့ ကား စိုးထိတ်မှုတို့ဖြင့်
>
နားထဲ တိုးဝင်လာတဲ့အသံသဲ့သဲ့... "Kris hyung.. kai မနိုး သေးဘူးလား... "
"Inn.. မနိုးသေးဘူး ငါစဉ်းစားလို့မရဘူး သူဘာဖြစ်သွားတာလဲ ..."
"ကဲလာပါ hyung ရာ နောက်မှ ဆက်စဉ်းစား သွားမယ် နောက်ကျတော့မယ် "
ပြေးထွက်သံများ တံခါးပိတ်သံ ဆူညံဆူညံသံတေ နားထဲတိုဝင်လာတော့ ခေါင်းတစ်ခုလုံး အုံခဲကာနောက်ကျိနေသလို...ု
လေးလံသော မျက်ခွံတို့ကိုအားယူကာဖွင့်ရင်း ခြောက်သွေ့နေသည့် လည်ချောင်း မှ တစ်ဆင့် အသံတစ်သံထွက်လို ငြား အားကုန်အော်ထုတ်လိုက်မိသည်... အသံကထွက်မလာ လည်ချောင်းဝ၌ပင်တစ်ဆို့နေ၏။
အနည်းငယ် ပွင့်ဟလာသော မျက်ခွံတို့ကြားမှပင် သူ့ကိုငုံးမိုး ကြည့်နေသော မျက်ဝန်းတေ...
"Nu..g.gu....sae...yo.."
သူအားယူကာမေးလိုက်တော့ ဝိုင်းစက်သောမျက်ဝန်းပိုင်ရှင်ကား သူ့အသည်းပုံနှုတ်ခမ်းလေးပေါ်အောင်ပြုံးရင်း ...
"သတိရပီလား ရေသောက်ဦးမလား... "
နွေးထွေးမှုအပြည့်အဝကိုခံစားလိုက်ရသည့် သူ့အတွက်.. ယုံကြည်မှုတစ်ခုနှင့်အတူ သူခေါင်းတစ်ချက်ငြိမ့်ပြလိုက်မိပီ။
ထိုကောင်လေးက ကျွန်တော် ဘေးစားပွဲတွင်တင်ထားသောရေပုလင်းမှ ခွက်ငယ်တစ်ခုအတွင်းရေများလောင်းထည့်လိုက်သည်။
ထို့နောက် ကျွန်တော်ကိုကူညီကာ ကုတင်နံရံကို ကျောမီလျက်ထိုင်စေပီး ရေခွက်ကို လက်ထဲ ထည့်ပေး၏။
"အင့် အဲ့ဒါ မှော်နက်ကန်ကရေ.. မင်းသောက်ဖို့လိုအပ်တယ်.. "ထိုသို့ဆိုကာ တစ်ချက်ပြုံးကာကြည့်နေပြန်သည်။
လက်ထဲရောက်လာတဲ့ရေခွက် ထဲက ကြည်လဲ့နေတဲ့ရေ ကိုငုံကြည့်ရင်း အာခံတွင်းမှ ခြောက်သွေ့  လွန်းစွာ ခံစာမှုကြောင့် ထိုရေကို သူတစ်ခါတည်းအကုန်မော့သောက်လိုက်၏။
"အဲ့ရေက အရမ်းအစွမ်းထက်တယ် .. ရောဂါတိုင်းအတွက် ကော ဘယ်အဆိပ်မျိုးမဆို အကုန်ပျောက်တယ်... ဒီလို ဒေသမျိုးမှာ ရဖို့အရမ်းခက်ခဲတာ..ခင်ဗျားတကယ်ကံကောင်းတာ.. "
သူကရီရင်းပြောတော့ မှ သူ့ကိုယ်သူသတိထားမိသည် နောက်ကျိနေသည့် ခေါင်းမှလည်း ကြည်လင်လာကာ အားအင်များပင် ရှိလာသယောင်...ခုမှသူသတိထားမိသည် သူဘယ်ရောက်နေမှန်းသူမသိ...
"ဟို.. အခု ငါဘယ်ရောက်နေတာလဲဟင်"
မေးလိုက်တော့သူက ပြုံးရင်း
"မင်းအခုရောက်နေတာ.. Borah ဆိုတဲ့မြို့ မင်းအခုထိုင်နေတဲ့နေရာက haesaung ဆိုတဲ့ကျောင်းမှာရှိတဲ့ eldoradoဆောင်မှာ.. ပီးတော့ဆက်ပြောရဦးမယ်.. ဟိုမှာတွေ့လား..."သူကပြောရင်းအခန်းရဲ့ ညာဘက်အခြမ်းကို လက်ညှိုးထိုး ပြတော့ ..."ဟင်..လူတစ်ယောက် ..."
"Inn.. အဲ့လူက ငါ့အခန်းဖော် kai တဲ့
သူက မင်းကို ကယ်လာတာ.. ဒါပေမယ် မင်းကိုကယ်လာပီး ကျောင်းအုပ် ရုံးခန်းရှေ့မှာ မင်းကိုပွေ့ပီး မတ်တပ်သတိလစ်သွားတာ.."
သူ့မျက်လုံးတို့ပြူးကျယ်ကုန်၏... "ဘယ်လို မတ်တပ်သတိလစ်သွားတာ.. "သူတအံတသြမေးတော့..သူကရီပီး "ဟုတ်တယ်.. ငါတို့လည်း အံ့သြနေတာ ကျောင်းအပြင်ခိုးထွက်ပီး မင်းကိုသယ်လာတာ ကျောင်းအုပ်မပြောနဲ့ ဆရာတွေသိရင်တောင်မိုးမီးလောင်မယ့်ကိစ္စကို သူက ရုံးခန်းရှေ့မှာ သွားမေ့နေတယ်.. ပီးတော့မင်းကို ကျောင်းအုပ်ကိုယ်တိုင်ကပဲ ငါတို့နဲ့အတူနေခွင့်ပေးထားတာ.."aww..ဒါဆို သူအပြစ်ပေးမခံရဘူးလား.. "
"မခံရနေရိုးလား သူက သတိလစ်နေတုန်းမို့ထား ကျွန်တော်တို့တစ်ဆောင်လုံး ငါးမှတ်အနုတ်ခံရတယ်.. ပီးတော့ ကျွန်တော်တို့နှစ်ခန်းနေတိုင်း မနက်ကော ညကော ကျောင်းတွင်းသန့်ရှင်းရေးလုပ်ရတယ်...ခုတောင် ကျွန်တော်က ကျန်ခဲ့တာ တခြားကောင်တွေက သွားကြ ပြီ...ကဲ ခင်ဗျားလည်း နားလိုက်ဦး.. ကျွန်တော်လည်းအတန်းချိန်သွားတက်လိုက်ဦးမယ်..ညနေကျမှ အားလုံးစုပြီးသေချာမိတ်ဆက်ကြတာပေါ့ ..ခုတော့ သွားပီ ..."ကောင်လေး သူကျောင်းလွယ်အိတ်လေးဆွဲကာ ပြေးထွက်ခါနီး တံခါးဟလျက်..နောက်ပြန်လှည့်ကြည့်ကာ အသည်းပုံနှုတ်ခမ်းလေးပေါ်အောင်ပြုံးရင်း...
"Hyung ..မြန်မြန်နေကောင်းပါစေဗျာ..."
ရုတ်တရက်မို့သူလည်းကြောင်ကာ "aww..inn ကောင်းကောင်းသွား"
သူပါရောယောင်ပီး နှုတ်ဆက်မိလိုက်သည်။
ကောင်လေးထွက်သွားပီးမှ သူသတိရသည် hyung တဲ့hyung သူ ငါ့ကို hyungလို့ခေါ်သွားတာပဲ..ဒါဆိုငါကသူ့ထက်ကြီးတာပေါ့.. "Ashi ဒါနဲ့ ငါ့အသက်ကဘယ်လောက်လဲ.. !? O.oစဉ်းစားမရ...ဒါဆို ငါ့နာမည်ကကော... O.o ဘာလဲ??" Aarrr!! ...."သူစဉ်းစားဖို့တောင်မလုပ်ရသေး အော်ဟစ်လိုက်တဲ့ကျယ်ကျယ်လောင်လောင်အသံကြီး၏
တရားခံ ကားးး သူ၏ ကယ်တင်ရှင်ကြီး kaiဆိုသူပင်...
"Wae.. ဘာဖြစ်တာလဲ.. "လှမ်းမေးလိုက်တော့ ပြူးကြောင်ကြောင်ဖြင့်ပြန်လှည့်ကြည့်ရင်း
"မင်း...ဘယ်..သူလဲ"...
웃❤유웃❤유웃❤유웃❤유웃❤유웃❤유웃❤유
>>>epi-3 end
I'm so sorry for take along time to update. But you know I felt so sad coz I'd no reader and no one liked my fiction ,I though. But I'll update this fiction till the end. :-) And this time , I try my best . Heez plz read my fiction and comment me .:-)
90 Bow to all
BINABASA MO ANG
ENCHANTED JUNGLE
Mystère / Thrillerhunhan fanfiction a mysterious guy and his love့ဲ