***episode 8****
Lu:-"lu... luhanငါ့နာမည်luhan.."
မဲ့ပြုံးတစ်ခုနဲ့အတူ မျက်နှာနားတဖြည်းဖြည်းတိုးကပ်လာတဲ့ လူကြောင့် အမှန်တကယ်နေရခက်နေသူက Luhan ပင်
.."Sehun...!!"
ပေါ်ထွက်လာတဲ့ အနောက်ဘက်ကအသံက
အနည်းငယ်မာထန်သယောင်မို့ သူလည်းအနည်ငယ်တုန်သွားသလို ထိုsehunဆိုသူသည်လည်း ကိုယ်ကိုပြန်မတ်လိုက်လေသည်..ပီးမှထိုသူက အခန်းဝကလူဘက်ပြန်လှည့်ရင်း"Mian !ကျွန်တော် ခင်ဗျားကိုလာတွေ့တာပါ.. jaejoong sam "
အခန်းဝမှာရပ်နေသူကတော့ ကျောင်းအုပ်ကြီး kim jaejoong...
"နောက်ကလိုက်ခဲ့ hun ... "
ထိုတစ်ခွန်းသာပြောပြီးရှေ့မှ ထွက်ခွာသွားလေပီ ...သူလည်း ယခုမှသာသက်ပြင်းချနိုင်တော့၏...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မှိန်ပြပြမီးရောင်အောက်ကို လူတစ်ယောက်ခြေသံဖော့နင်းကာဝင်ရောက်လာသည်.. သူဝင်လာတဲ့နေရာကတော့ စာကြည့်တိုက်ရဲ့မြေအောက်ထပ်လျှိုဝှက်ခန်းတစ်နေရာ..
သူ၏မျက်လုံးတို့ကဟိုဒီကစားရွေ့လျားကာ သတိကပ်ပြီးသွားလာနေသလို ..
လျှို့ဝှက်ခန်း၏တစ်နေရာ ပြတင်ပေါက်ရှေ့တွင် ရပ်နေသည့်လူတစ်ယောက်ကိုတွေ့တော့ သူ့ပါးချိုင့်နက်နက်တွေနစ်ဝင်သွားတဲ့အထိသူပြုံးလိုက်သည်..
ပြီးမှထိုလူ့အနီးသူတစ်ဖြည်းဖြည်းချင်းကပ်လာခဲ့သည်.. ထိုလူက ခေါင်းကိုအတန်ငယ်လှည့်ကာ ကြည့်လိုက်ပြီး .."Xing!မင်းဘာကိစ္စလဲ .. "
ထိုသူကပြုံးပြီးဝင်ရောက်လာသူကိုမေးလိုက်သည်.."Hk!မင်းနားတွေကအရင်ထက်ပိုပါးလာတယ်.. yong ... ဒါကမင်းမှာ ရင်ဆိုင်နေရတဲ့ ပြသနာအကြီးကြီးတွေရှိနေပြီလို့ ဆိုလိုတယ် ... ဟုတ်တယ်မှတ်လား lee taeyong!"
သူ့ဘေးမှာလာရပ်ရင်းပြောလိုက်တဲ့xingရဲ့အပြောကို taeyongတစ်ယောက် ဟက်ဟက်ပက်ပက်ရီလိုက်သည်.."Xingမင်းတကယ်ကြောက်ဖို့ကောင်းတယ်.. ဘာမှဖုံးလို့မရပါလား .. "
Xingတစ်ယောက်ရီရင်းခေါင်းအနည်းငယ်ညွှတ်ပြလိုက်သည်..

BINABASA MO ANG
ENCHANTED JUNGLE
Mystery / Thrillerhunhan fanfiction a mysterious guy and his love့ဲ