EPI-4

219 18 0
                                    

မျက်​လုံးကိုအသားကုန်​ပြူးရင်းပြန်​​မေး​နေ​သော kaiကိုကြည့်​ရင်း သူပြုံးစိစိဖြစ်​သွားသည်​..တစ်​ဆက်​တည်း ​ခေါင်းထဲဝင်​လာတာက သူ့ကို ​ပွေ့ပီး မတ်​တပ်​သတိလစ်​သွားသည်​ဆို​တော့ကာ ထိုသို့ မျက်​လုံးပြူးမျက်​ဆံပြူး ပါးစပ်​အ​ဟောင်းသားနှင့်​ ကိုးယို့ ကားယား ပုံစံမျိုး မျက်​လုံးထဲမြင်​​ယောင်​မိကာ ရီချင်​စိတ်​ကထိန်းမရ​တော့..
အောင့်​အင်းထားသည့်​ကြားမှ ...
"ခွီးးးးးးး ဟားဟားဟားဟားးးး"
သူ​ဗိုက်​နှိပ်​ပီးရီ​နေသည်​ ကို ​ရှေ့က kaiဆိုသူက​တော့ ပြူးတူး​ကြောင်​​တောင်​ဆက်​ကြည့်​မြဲ....
>>>>>>>>>>>>>>>>>>>>>

မျက်​လုံးကိုစုံမှိတ်​ကာ...​သူတို့အ​ဆောင်​ကိုသာ ​ရှေးရှု​နေ​သော်​လည်း... သူ တစ်​ကိုယ်​လုံး​ဇော​ချွေးတို့က အပြည့်​.. သူ့မျက်​လုံး​တေ ပြန်​ဖွင့်​ရန်​ပဲကြိုးစားမိ​နေပြန်​သည်​..... ခဏအကြာ ​မှောင်​မိုက်​မှုတို့ကြီးဆိုးပြန်​ကုန်​၏... ခပ်​​ချော​ချောလူငယ်​နှစ်​​ယောက်​ သူတို့တစ်​ကိုယ်​လုံးလည်း အနက်​​ရောင်​ဝတ်​စုံတို့ဖြင့်​ဆင်​မြန်းလျှက်​... နှစ်​​ယောက်​စလုံး၏ မျက်​လုံးများက ​ခက်​ထန်​​နေသ​ယောင်​ ​​ဖြောင့်​စင်း​သေးနှာတံများနှင့်​ တည်​ကျပြတ်​သားဟန်​ နှုတ်​ခမ်းပါးတို့အား ​သေ​သပ်​​သော v shape သဏ္ဌာန်​ ​မေးရိုးတို့ကဝန်းရံလျက်​...
သူ့ကိုကြည့်​ရင်း တစ်​​ယောက်​က..
"Hyung သူက သတ်​မှတ်​ခံ guard ပဲ.. "
နောက်​တစ်​​ယောက်​က​ခေါင်းကို ငြိမ့်​တယ်​ဆိုရုံ လှုပ်​ပြရင်း သူ့ဆီတည့်​တည့်​​လျှောက်​လှမ်းလာ၏။ သူ့​ရှေ့တည့်​တည့်​အ​ရောက်​​ခြေစုံရပ်​ရင်း ...."Hak! ...  guardတဲ့လား ... ဒါဆို ဒီတိုင်းပြန်​လွှတ်​လို့​တော့ဘယ်​ဖြစ်​ပါ့မလဲ .. ဧည့်​ဝတ်​​လေး​ကျေ​အောင်​​တော့
ဧည့်​ခံပေးရမှာ​​ပေါ့...  "
တစ်​​ဖြေး​ဖြေး သူ့​ဘေးမှ ​နေ၍ ပတ်​လာသည့်​အချိန်​... ​ကြောက်​လန်​မှု​တို့​ကြောင့်​ ​ခြေထောက်​တို့က သံမှိုဆွဲထားသလို လှုပ်​မရ လက်​တွင်းမှလူကိုလည်း ဖြုတ်​ချ၍မရ...ဒူးပင်​မခိုင်​ချင်​​တော့... ​လှေကားထိပ်​မှ အသံတစ်​သံ... "​ဒေါက်​ ...​ဒေါက်​ ....ဒေါက်​..."အဆက်​မပြတ်​ လမ်း​လျှောက်​သံက သူ့​ရှေ့ ​လှေကားရင်းအဆုံး၌ တိခနဲ ရပ်​သွား၏..
်​ ... ခုနလူက​တော့ ဘာမှမ​ပြော​သေး ​ဘေးနားက ပတ်​​လျှောက်​​နေမြဲ...
သူမဝံမရဲ ​ခေါင်း​မော့ကြည့်​လိုက်​​တော့ ​လှေကားထိပ်​မှာ ရပ်​​နေသည့်​လူနှစ်​​ယောက်​.... အနည်းငယ်​ပိုငယ်​ဟန်​ရှိ​သော လူတစ်​​ယောက်​​နောက်​တွင်​ က​လေးငယ်​တစ်​​ယောက်​ ...
ရုတ်​တရက်​ စူးရှချွန်​ထက်​​နေတဲ့အရာတစ်​ခု ​နောက်​​ကျော အ​ရေပြားမှတစ်​ဆင့်​....အားးးးး.......
အမြင်​အာရုံ​တေပြာ​ဝေကာ ဝိုးတဝါးပုံရိပ်​တို့က "တိုက်​ခတ်​​နေတဲ့ ​လေရဲ့ ကြမ်းတမ်းမှုတို့က နာကြင်​မှုကိုပို​၍ ဆိုးသား​စေသ​ယောင်​ မြင်​ကွင်းတို့ကဝိုးတဝါး...
ေ​ခါင်းတလား တွင်​ ​ခြေနှစ်​စုံ ကိုစုံရပ်​လျက်​...
နီရဲ​သော မျက်​လုံး​တေ... သူ့ရဲ့ ချွန်​လှ​သောVshape သဏ္ဍာန်​ ​မေးရိုးတို့က ထင်းခနဲ....
ဘေးတွင်​ ဒူး​ထောက်​လျက်​ထိုင်​​နေ​သော က​လေးငယ်​တစ်​ဦး... သို့ကတည်း တစ်​ချက်​​ဝှေ့တိုက်​လိုက်​​သော ​လေကြမ်းတစ်​ချက်​အ​ရောက်​ ​​ဘေးရှိလူနှစ်​​ယောက်​ရဲ့ မျက်​လုံးများ အပြာ​ရောင်​ ​ပြောင်းလဲကာ အံ့သြမှုအပြည်​မျက်​နှာတို့မှသည်​စိုးထိတ်​မှုသို့...ဒူး​ထောက်​လျက်​ကြကုန်​၏။ ​ခေါင်းတလားတွင်းမှလူကလည်း အရုပ်​ကျိုးပြတ်​သဖွယ်​ ပြန်​လည်​ လဲ​လျောင်းခြင်းသို့...
"ငါတို့ ကျိန်​စာမိပီ... ဒါဆို...ဒီ ဝိဥာဉ်...က ... shii... သူ​ လာတဲ့အ​ကြောင်းအရင်း ငါသိပီ ..."ဆိုကာ သူရှိရာ အ​​ပေါ်သို့ မျက်​​ထောင့်​နီတို့ဖြင့်​လှည့်​ကြည့်​ကုန်​၏...
ကြောက်​လန့်​မှု နာကြင်​မှု ​နောက်​​ကျော မှ အသည်းခိုက်​မတတ်​နာကြင်​မှုတို့​ကြောင့်​ ...သူ အားကုန်​ရုန်းကာ ​အော်​ဟစ်​လိုက်​မိသည်​...
"အားးးးးးးးးးးးးး"
ထိုအနံအသက်​ ထို အထိအ​တွေ့ ရင်းနှိး​သောပတ်​ဝန်းကျင်​.. ​သေချာပါသည်​ ဒါ သူ့အ​ဆောင်​က ကုတင်​​ပေါ်မှာ.. အသက်​ကိုဝ​အောင်​ရှုရင်း ​စိတ်​ကိုဆတည်​ငြိမ်​ဖို့ ကြိုးစား​နေမိသည်​.. တစ်​ချိန်​တည်း ​ဘေးမှ တစ်​စုံတစ်​​ယောက်​ စိုက်​ကြည့်​​နေသလိုခံစားချက်​​ကြောင့်​ ​ဘေးကို အသာ​စောင်းငဲကြည့်​ချိန်​ ...မျက်​လုံးတို့ပြူးကျယ်​ကုန်​၏... ထိုမ​ကောင်းဆိုးဝါး​လေးက KyungSoo ရဲ့ ကုတင်​​ပေါ် ​စောင်​​လေးခြုံကာအခန့်​သား ထိုင်းရင်း သူ့ကို ကြည့်​​နေသည်​... "မင်း..ဘယ်​ ဘယ်​သူလဲ"

ENCHANTED JUNGLETahanan ng mga kuwento. Tumuklas ngayon