[Unicode]
Seoul မြို့ Gimpo လေဆိပ်
မနက် ၈ နာရီကျော်ကျော်
November လထဲ ရောက်နေပြီမို့ နှင်းမကျသေးသော်လည်း Seoul ရဲ့ အချမ်းက ပိုလှသည် . လေဆိပ်ထဲတွင် ဖြစ်သော်လည်း Kyungsoo တစ်ယောက် မာဖလာကို တင်းတင်းပတ်လိုက်ကာ လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်..
"၈ နာရီ ၁၅ တောင် ရှိနေပြီ ဘာလို့ ခုထိ မရောက်သေးတာပါလိမ့်"
ဒီနေ့ သေချာပေါက် Gimpo လေဆိပ်က သွားမယ်လို့ သတင်းရထားပြီးသား ~တော်ကြာ Incheon လေဆိပ်က သွားတာ များလား မဖြစ်နိုင်တာ fansite တွေလဲ ဒီမှာ ရှိနေတာကို သူ လာမှာပါလေ~
သူဆိုတာက Kyungsoo ရဲ့ အကြိုက်ဆုံး အဆိုတော် သူ့မိသားစုပြီးရင် သဘောအကျဆုံးသူ ဟု ဆိုနိုင်သောသူ နှုတ်ခမ်းနီမလေးများရဲ့ အသည်းစွဲ Byun Baekhyun ပင် ဖြစ်သည်..
Baekhyun အဆိုတော် အဖြစ် debut ခဲ့သည်မှာ လွန်ခဲ့သော ၃ နှစ်က ..ထိုစဉ်က Kyungsoo မှာ အထက်တန်း ဒုတိယနှစ် သူ့ထက် အသက် တစ်နှစ်သာသာ ကြီးသော ကောင်လေး တစ်ယောက်က Kyungsoo ဘဝ အတွက် အားအင် ဖြစ်ခဲ့သည်..
အကို ဖြစ်သူ Minseok နှင့် သူငယ်ချင်း ဖြစ်သူ Chanyeol မှ လွဲ၍ အပေါင်းအသင်း မရှိသော Kyungsoo အတွက် Baekhyun ရဲ့ သီချင်းများက အကောင်းဆုံး အဖော်..အထက်တန်းပြီးသည့်အချိန်မှ စ၍ နာမည်ကြီးလာသော Baekhyun ရဲ့ schedule တွေ နောက်ကို သူ ဆက်တိုက်လိုက်ခဲ့သည် ..တခြား မသွားနိုင်တောင် Baekhyun နိုင်ငံခြားထွက်မယ် ဆိုတိုင်း သူ လေဆိပ်ကို အမြဲလာသည်..
Baekhyun က မနက်စောစော လေယာဉ် စီးရင် motion sickness ရတတ်ပြီး လေယာဉ်က ကျွေးသော ready made အစားအစာကို မစားနိုင်..ထို့ကြောင့် Kyungsoo က အမြဲတမ်း ထမင်းချိုင့် ထုပ်ပေးပြီး Baekhyun ဆီ အရောက်ပေးလေ့ရှိသည်..
ဒီနေ့လဲ ညက assignment ကြောင့် နောက်ကျမှ အိပ်ရပေမယ့် မနက်စောစော ထကာ ထမင်းချိုင့် ထုပ်လာခဲ့သည်..အတူတူ လိုက်ပေးနေကျ Chanyeol ကတော့ နေမကောင်း ဖြစ်နေတာ ခုထိ မထနိုင်သေး ..ထိုအချိန်မှာ ပင် လေဆိပ်အဝတွင် လူစုစု ဖြစ်နေတာကို တွေ့လိုက်ရသည်..
~သူလား မသိဘူး~
Kyungsoo စဉ်းစားနေတုန်းမှာပဲ သူ့ဘေးနားက Camera အကြီးကြီးတွေ နဲ့ မိန်းကလေးတစ်စုက လူအုပ်ရှိရာ သို့ ပြေးသွားကြသည်..Kyungsoo ကတော့ သူတို့နဲ့ ဆန့်ကျင်ဘက် ဓာတ်လှေကားနားကို ပြေးသွားသည်..အဲ့နေရာက ပစ္စည်းပေးလို့ ရတဲ့ တစ်ခုတည်းသောနေရာ...အဲ့မှာတောင် လူတော်တော်များများ ရောက်နေပြီ ..
YOU ARE READING
Beautiful goodbye
FanfictionKyungsoo was afraid of strangers and then Jongin came. The last thing he wants from Jongin is a goodbye..