Chapter 2:His lips are so soft

3.1K 338 17
                                    

[Unicode ]

ကျောင်းသားများ တဖွဲဖွဲ ဝင်လာနေတဲ့ အခန်း တံခါးဝကို ကြည့်ပြီး Kyungsoo ငိုင်နေမိသည်..Chanyeol က တော့ အတန်း မတက်နိုင်တော့ဘူးလို့ message လှမ်းပို့ထားသည်...Chanyeol မရှိတော့ အနောက်ကျကျ အတန်းမှာ သူတစ်ယောက်တည်း..ခပ်လှမ်းလှမ်းမှာတော့ မိန်းကလေးအုပ်စုတစ်စု ထိုင်နေသည်...

Kyungsoo မှာ Chanyeol က လွဲပြီး သူငယ်ချင်းရယ်လို့ သိပ်မရှိ..Kyungsoo က လူစိမ်းတွေကို ကြောက်တတ်သည်..Chanyeol တောင်မှ အလယ်တန်းတည်းက သူငယ်ချင်း ဖြစ်လာလို့သာ သူ့ဘေးနားမှာ ရှိနေတာ..

College စတက်တော့လည်း Chanyeol က သူ ဝင်ထားသမျှ club တွေကို ဝင်ဖို့ ပြောသော်လည်း Kyungsoo မစွန့်စားရဲ...လူအသစ်တွေနှင့် ဆက်ဆံဖို့ဆိုတာ သူ့အတွက် အင်မတန် ကြီးမားသော စွန့်စားခန်းကြီး ဖြစ်သည်...မနက်က တွေ့လိုက်တဲ့ လူစိမ်းကတော့ ထူးခြားသည်.. သူ့အကိုလဲ မဟုတ် Chanyeol လဲမဟုတ်ဘဲ အဲ့လောက် နီးနီးကပ်ကပ် ဘယ်သူနဲ့မှ မရှိဖူး...ဘာမှ ဖြစ်မသွားသော သူ့ကိုသူတောင် အံ့ဩမိသလိုလို....

အဲ့အချိန်မှာပင် အခန်းထဲကို ဝင်လာသော လူတစ်ယောက်က Kyungsoo မျက်လုံးများကို ပြူးသွားစေသည်...

"Leather boot..."

Kyungsoo ပါးစပ်က အသံထွက် ရေရွတ်လိုက်မိသည်..ထို လူက မျက်လုံးကို မနည်းဖွင့်ထားရသည့်ပုံနှင့် ကုတ်အကျီင်္အိပ်ကပ်ထဲ လက်ထည့်ပြီး ဝင်လာသည်...

~သူက ဒီကျောင်းကလား?? ~

Kyungsoo စဉ်းစားနေတုန်းမှာပဲ အတန်းထဲက လူတော်တော်များများ ဝိုင်းကြည့်ခြင်းခံရ၍ စိတ်ရှုပ်နေပုံရသော ထိုလူက Kyungsoo ရှိရာ အပေါ်ဘက်ကို ဝေ့ကြည့်လိုက်သည်...စူပုပ်နေသော မျက်နှာမှ ကမ႓ာပေါ်ရှိ ပန်းအားလုံးကို ပွင့်စေနိုင်လောက်သည့် အပြုံးမျက်နှာသို့ ချက်ချင်း ပြောင်းလဲ သွားသည်မှာ မျက်လှည့်ပြလိုက်သလို (lol )

Kyungsoo အံ့အားသင့်နေတုန်းမှာပင် ထိုလူက သူ့ဘေးရောက်နေပြီ...

"ကျွန်တော် ဒီမှာ ထိုင်လို့ရမလား မသိဘူး"

သူ့ရဲ့ ခပ်ရှရှ အသံက Kyungsoo ကို သူ့ရဲ့ အိပ်မက်ကမ႓ာက လန့်နိုးသွားစေသည်..

Beautiful goodbye Where stories live. Discover now