[Unicode ]
တဖွဲဖွဲ ကျနေတဲ့ အပြင်က နှင်းတွေရယ်...ချမ်းစိမ့်နေတဲ့ ရာသီဥတုကို အံတုနေတဲ့ အငွေ့တထောင်းထောင်း ထနေတဲ့ coffee ခွက်လေးရယ်..စိတ်ပူနေတဲ့ မျက်လုံးတွေရယ်...
ဘာကို ရွေးချယ်ရမှန်းမသိတဲ့ Kyungsoo က သူ့ရှေ့က coffee ခွက်ကိုပဲ အဓိပ္ပါယ်မရှိ စိုက်ကြည့်နေမိ သည် ။ ထွက်ပြေးခဲ့ပေမယ့်လဲ သူ့ဆီပဲ ပြန်ရောက်လာတဲ့ Kyungsoo ကို coffee မျက်နှာပြင်ပေါ်က အပြုံးမျက်နှာလေးကတောင် လှောင်နေသလိုပင်။
သူ့ရှေ့မှာ ထိုင်နေတဲ့ Jongin ရဲ့ စကားတွေ တစ်ခုမှ Kyungsoo နားထဲ မရောက်ပါဘူး။နားထောင်ဖို့လဲ စိတ်ကူးမှ မရှိတာလေ။ အဲ့အစား အဆက်မပြတ် လှုပ်ရှားနေတဲ့ Jongin ရဲ့ နှုတ်ခမ်းတွေကို လိုက်ကြည့်နေမိသည်။Kyungsoo အရမ်းသဘောကျခဲ့တဲ့ နှုတ်ခမ်းတွေ....အဲ့နှုတ်ခမ်းတွေက လွန်ခဲ့တဲ့ နာရီပိုင်းကပဲ..... ထပ်ပြီး မြင်ယောင်လာတဲ့ မြင်ကွင်းကို Kyungsoo ခါထုတ်လိုက်သည်။ သူ Jongin ရှေ့မှာ မျက်ရည် မကျချင်ဘူးလေ။
"....Chanyeol hyung တို့လဲ စိတ်တွေပူနေတာ "
"နည်းနည်းကြောက်လာလို့..လူတွေအများကြီးရှေ့မှာ သီချင်းဆိုဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ "
Kyungsoo ချောချောမွေ့မွေ့ပဲ လိမ်လိုက်သည်။အပြုံးမပျက်ပဲ လိမ်ညာတတ်လာတဲ့ သူ့ကိုယ်သူတောင် အံ့ဩမိသည်။ဘာမှ မသိရှာတဲ့ Jongin ကတော့ အားပေးသလို ပြုံးပြသည်။
"Hyung လုပ်နိုင်မှာပါ..ကျွန်တော် Hyung ကို ယုံတယ်..."
အဲ့ညက Kyungsoo ထိန်းခဲ့တဲ့ မျက်ရည်တစ်စက်က သူ့နဖူးကို Jongin နမ်းလိုက်တဲ့ အချိန်မှာ အထိန်းအချုပ်မရှိကျလာခဲ့သည်။ ဘယ်သူမှ မမြင်လိုက်ပေမယ့် ...နာကျင်ခြင်းတွေ အားလုံးကို သယ်ဆောင်လာခဲ့တဲ့ မျက်ရည်တစ်စက်ပေါ့။
××××××××
"မင်္ဂလာပါ ခင်ဗျာ ဘာများသုံးဆောင်ချင်ပါသလဲ "
ညနေစောင်းအချိန် ကျောင်းသားတော်တော်များများ ကျောင်းဝန်းထဲမှာ မရှိတော့သည့်အတွက် ကော်ဖီဆိုင်လေးကလဲ လူသိပ်မရှိတော့။ပြီးတော့ ဒီနေ့က သောကြာလေ။သောကြာနေ့ဆိုတာ လူတိုင်း အစီအစဉ်တွေ ရှိကြတဲ့ နေ့ဖြစ်သည်။ ပျင်းစရာ ကောင်းတဲ့ ကော်ဖီဆိုင်လေးမှာ ဒီအချိန်ဆို လူပါးနေကျ။
YOU ARE READING
Beautiful goodbye
FanfictionKyungsoo was afraid of strangers and then Jongin came. The last thing he wants from Jongin is a goodbye..