Chapter 8 : Let's have a date

1.6K 202 8
                                    

[Unicode]

Christmas ညခင်းလေးတစ်ခု

လမ်းမပေါ်တွင် Christmas တေးသီချင်းများက ပျံ့လွင့်နေသည်။ဆိုင်အသီးသီးတွင်လဲ နေ့ထူးနေ့မြတ် အထိမ်းအမှတ် event တွေကြောင့် လူစည်ကားနေသည်။တက္ကသိုလ်အနီးအနား ဖြစ်တာကြောင့် လူငယ်စုံတွဲများကလဲ လက်ချင်းတွဲကာ အပြုံးကိုယ်စီနှင့် လျှောက်နေကြသည်။ဘာလုပ်ရမှန်း မသိသော လက်နှစ်ခုကတော့ ခြေလှမ်းတိုင်းနှင့်အတူ နီးကပ်သွားလေသည်။

စာကြည့်တိုက်တွင် မတော်တဆ ဖြစ်ခဲ့ပြီးနောက် Kyungsoo မျက်နှာသည် အမှည့်လွန်နေသော ခရမ်းချဉ်သီး ဖြစ်နေခဲ့သည်။အေးလို့ ဟူသော အကြောင်းပြချက် ဖြင့် Jongin က ရယ်လိုက်ရင်း သူ့ရဲ့ လက်ကို ဖမ်းဆုပ်လိုက်သည်. သူတို့ လက်တွေက နဂိုတည်းက သတ်မှတ်ထားသလို အံဝင်ခွင်ကျ ဖြစ်နေသည် ။ပြီးတော့ Kyungsoo ကျေနပ်စွာ ပြုံးလိုက်သည်။ပထမဆုံးအကြိမ် Jongin ရဲ့ လက်တွေက နွေးထွေးနေခဲ့သည်လေ ။

"မနက်ဖြန် "

"မနက်ဖြန် "

Kyungsoo ရဲ့ အဆောင်ရှေ့အရောက် နှစ်ယောက်စလုံးဆီက စကားပြိုင်တူထွက်လာတော့ နှစ်ယောက်သား ရယ်မိကြသည် ။

"ပြော Jongin "

အရယ်ကိုရပ်ရင်း Kyungsoo က ပြုံး၍ ပြောလိုက်သည်။ခုထိ Jongin က သူ့လက်ကို မလွှတ်သေး..

"ကျွန်တော် မနက်ဖြန် major အတွက် assignment လုပ်စရာ ရှိတယ် ..အဲ့ဒါ Hyung ကူပေးနိုင်မလားလို့ "

"Ok လေ..ဒါဆို   ကော်ဖီဆိုင်မှာ တွေ့တာပေါ့ မနက်ဖြန် "

"Hyung ခုနက ဘာပြောမလို့ "

"ဒီတိုင်း မနက်ဖြန် ဘာလုပ်မလဲ လို့ မေးမလို့ အခု လုပ်စရာရှိပြီ ဆိုတော့ အဆင်ပြေတာပေါ့ "

Jongin က ခေါင်းညိမ့်ကာ ရယ်လိုက်တော့ Kyungsoo မျက်နှာပေါ်က အပြုံးက ပိုပြီး ကျယ်ပြန့်လာသည် ။

"သွားတော့လေ အေးတယ် "

တိုက်ခတ်လာသော ဆောင်းလေအေးတစ်ခုကြောင့် တုန်သွားသော Jongin ကို ကြည့်ကာ ပြောလိုက်သည်။မဟုတ်ရင် ဒီည သူတို့ နှုတ်ဆက်ဖြစ်တော့မည် မထင် ။

" hyung..အခု ကျွန်တော်တို့က သူငယ်ချင်းတွေ မဟုတ်ဘူးမလား "

တိုးညင်းစွာ ထွက်လာသော အသံကြောင့် Jongin ရဲ့ မျက်နှာကို မော့ကြည့်မိလိုက်တော့ သူ့ရဲ့ မျက်လုံးအိမ်ထဲမှာ မရေရာမှုတွေ။Kyungsoo ပြုံးလိုက်ရင်း ခြေဖျားထောက်ကာ Jongin ရဲ့ နှုတ်ခမ်းများကို ထိတယ် ဆိုရုံလေး ခပ်ဖွဖွ နမ်းလိုက်သည်။

Beautiful goodbye Where stories live. Discover now