[Unicode]
လှလွန်းသည်..
Kyungsoo မျက်စိတို့က ရှေ့မှ လှုပ်ရှားမှုမှ မခွာနိုင်။ အသက်ရှု ရပ်တန့်သွားသလားပင် မသိရအောင် မလှုပ်မယှက်ကြည့်နေသည်။ အခုအချိန်တွင် သူ့ခန္ဓာကိုယ် တွင် လှုပ်ရှားနေသော အရာမှာ သူ့ရဲ့ ဘယ်ဘက်ရင်အုံအတွင်းက သာမန်ထက် ပိုမြန်မြန် ခုန်နေသော နှလုံးသား။ သူ့ရဲ့ ရှေ့မှာကတော့ သူ့ရဲ့ နှလုံးခုန်သံ တွေနဲ့ မတူညီစွာပဲ စည်းချက်ကျကျ ကနေသော Jongin...
အဆက်မပြတ် လှုပ်ရှားနေသော သူ့ရဲ့ ခြေထောက်တွေ လက်တွေ ခန္ဓာကိုယ်တစ်ခုလုံးက လေနှင်ရာ လွင့်နေသော သစ်ရွက်ခြောက် ကလေးလို ဆုပ်ကိုင်လိုက်ရင် ကျိုးကြေသွားမလား ထင်ရအောင် အကာအကွယ် မဲ့နေခဲ့သည်။ ပြီးတော့ သူ့ရဲ့ မျက်နှာ ...
ဝမ်းနည်းစရာကောင်းသော သီချင်းနှင့် လိုက်ဖက်ညီစွာပင် Jongin ရဲ့ မျက်နှာသွင်ပြင်တို့က နာကျင်မှု ဒဏ်ရာတို့ကို ဖော်ပြနေသည်။ Kyungsoo ကတော့ ထို ဒဏ်ရာတွေကို ပယ်ဖျောက်ပေးနေချင်ခဲ့သည်။ ဘာလို့ ဒီသီချင်းလဲ ဆိုတာကို အထပ်ထပ် မေးချင်နေခဲ့သည်။
'Cry cry cry...'
သီချင်း ပြီးသွားသော်လည်း Jongin သူရဲ့ နက်ရှိုင်းသော ခံစားချက်များထဲမှ ရုန်းထွက်နိုင်ပုံ မပေါ်သေး။ ဝမ်းနည်းမှု နာကျင်မှုတို့ ပြည့်နေသော မျက်နှာကို Kyungsoo သဘောကျသော်လည်း ကြာကြာ မမြင်ချင်ခဲ့။
"Jongin ah "
အခန်းထောင့်တွင် ရပ်နေသော Kyungsoo ကို မြင်သည်နှင့် Jongin မျက်နှာမှ ဝမ်းနည်းခြင်း အရိပ်အငွေ့တွေ ကွယ်ပျောက်သွားပြီး အဖြူစင်ဆုံးသော အပြုံးတစ်ခုက နေရာယူလိုက်သည်။
အဲ့ အပြုံးပေါ့.....
Do Kyungsoo ကို ပထမဆုံး အကြိမ် ချစ်တတ်စေခဲ့တာ...
YOU ARE READING
Beautiful goodbye
FanfictionKyungsoo was afraid of strangers and then Jongin came. The last thing he wants from Jongin is a goodbye..