[Unicode]
ရာသီဥတုက နွေးထွေးလာသည်..ထူးထူးခြားခြား မိုးကောင်းကင်က ကြည်လင်နေသည်.
နွေဦးလေပြေက Kyungsoo ရဲ့ ဆံပင်နက်နက်များကို ဆော့ကစားသွားသည်..Jongin ရဲ့ နူးညံ့သော အပြုံးကြောင့် စိတ်ကျေနပ်သွားသော Kyungsoo သည် ရုတ်တရတ် အေးစက်လာသော ခံစားချက်ကြောင့် ကြည့်လိုက်ချိန်တွင် တွဲထားသော လက်မရှိတော့..မော့ကြည့်လိုက်ချိန်တွင် ဘေးမှာ ဘယ်သူမှ မရှိ..မမီနိုင်တော့သော ခပ်လှမ်းလှမ်းက ကျောပြင်က တစ်စတစ်စ ပို၍ ဝေးသွားသည်..သို့သော်လည်း Kyungsoo ဘမှ မလုပ်နိုင်.လှမ်းခေါ်ရန်လည်း အသံက ထွက်မလာသလို ပြေးလိုက်ဖို့ရာကလည်း ခြေထောက်များက ရွှေ့မရ..ဒီလိုနဲ့ပဲ Kyungsoo ရဲ့ မြင်ကွင်းထဲမှ သူထွက်သွားလေသည်...♢♢♢♢♢♢
"Kyungsoo Kyungsoo ထ ထတော့ မင်းအစ်ကိုလာတယ် "
မနက်စောစော ထလေ့မရှိသော Kyungsoo သည် Chanyeol ရဲ့ နိုးသံကြောင့် မျက်လုံးများပွင့်လာခဲ့သည်..သူ့ရဲ့ စာကြည့်စားပွဲမှာ ထိုင်နေသော Minseok အားတွေ့တော့မှ ကမန်းကတန်း ထထိုင်သည်။
"Hyung ဒီအချိန်ကြီး ဘာဖြစ်လို့လဲ "
" ဒီလိုပါပဲ ကိုယ့်ညီလေးကို လာတွေ့တာ အချိန်ရွေးနေရဦးမလား "
"Hyung .."
တစ်ခုခု ဖြစ်နေသည် ဆိုတာကို Minseok ရဲ့ မျက်နှာ မြင်သည်နှင့် Kyungsoo သိလိုက်သည်။ မိဘတွေဆုံးသွားကတည်းက အစ်ကို့မျက်နှာပဲ ကမ္ဘာထင်ကာ နေခဲ့ရသူပဲလေ..
"Luhan အဘိုး နေမကောင်းဖြစ်နေလို့ အဲ့ဒါ Hyung လိုက်သွားမလို့ မင်းကို လာနှုတ်ဆက်တာ "
"Luhan hyung ရော "
"သွားနှင့်ပြီ မနေ့က သတင်းကြားကြားချင်း သွားတာ "
"ေဩာ် "
မနေ့က သူကတော့ Jongin နဲ့ လျှောက်လည်ခဲ့ကြသည်လေ..The best date ever တဲ့ Jongin က နာမည်တပ်ခဲ့သည် ။
VOUS LISEZ
Beautiful goodbye
FanfictionKyungsoo was afraid of strangers and then Jongin came. The last thing he wants from Jongin is a goodbye..