For My Twinkling Stars

756 105 33
                                    

တစ်​ခါတစ်​​လေ​တော့ ကျွန်​​တော့်အား သူတို့​စောင်းငဲ့ကြည့်​တာကို လိုချင်​လှသည်​။ ဘယ်​​လောက်​ကြိုးစားမှ ကျွန်​​တော်​သူတို့အား အားကျသည်​ကို
သိ​လာမည်​လဲ ဆိုတာကိုလည်း မသိ​​ပေ။

သူတို့... သူတို့ဆိုတာ ကျွန်​​တော်​ ချစ်​မြတ်​နိုးရ​သော author အချို့ဖြစ်​သည်​။ ​ကျွန်​​တော်​ ခင်​မင်​ရင်းနှီးရ​သော သူများမှာလည်း ကျွန်​​တော့်​အ​ရေးအသားများ​ကြောင့်သာ ကျွန်​​တော့်​ကို သတိထားမိသူများသာ... ကျွန်​​တော်​ အရင်​က ​မော့ကြည့်​ရုံကလွဲပြီး မတတ်​နိုင်​​သော သူများအား သူငယ်​ချင်း​တော်​နိုင်​​နေရသည့်အတွက်​၊ ခင်​မင်​​နေရသည့်​အတွက်​​ ဝမ်းသာရ​သော်​လည်း အချို့လူများကို​တော့ မြင်​သာမြင်​မကြင်​ရဲဖြစ်​​နေဆဲပင်​...

ကျွန်​​တော်​ ​တွေးမိပါသည်​။ ကျွန်​​တော်​သာ စာအ​ရေးအသားဘက်​မှာ အဖြစ်​မရှိလျှင်​ အခု​နေ ဘယ်​လိုများ​နေမလဲလို့ပင်။

မဝံ့မရဲ သူတို့ profile ​တွေဆီ ညတိုင်းဝင်​ကြည့်ရုံကလွဲပြီး စကားစမ​ပြောဖြစ်​၊ သူတို့ရဲ့ အနုပညာလက်​ရာများအား ကိုယ့်​စိတ်​ထင်​နှင့်​ တန်​ဖိုးမှားဖြတ်​မိမည်​စိုး​သော​ကြောင့်​ comment များလည်း ဝင်​မ​​ပေးရဲ။ များပြားလှ​သော သူတို့​နေ့စဉ်​ရ​နေကျ vote တစ်​ရာနှစ်​ရာကြား သူတို့ကျွန်​​တော့်​ရဲ့ profile မှ​ရောင်​စုံနှင်းဆီကို သတိထားမိကြပါ့မလား။ ကျွန်​​တော်​က​တော့ မထင်​ပါ။

စိတ်​ဝင်​စားခံရမှုကို သာယာခြင်း​တော့ မဟုတ်​၊ သို့​သော်​ သူငယ်​ချင်းအရင်း​ခေါက်​​ခေါက်​များကိုပင်​ စိတ်​မထင်​လျှင်​မထင်​သလို​ ဂွကျကျ ဘုနှင့်​​ဘောက်​ဆက်​ဆံကာ မျိုသိပ်​ထားရသည်ကို မနှစ်​ခြိုက်​ဘဲ သူများမျက်​နှာကို ​စေ့​စေ့ကြည့်​လျက်​ သူများအား မကြိုက်​ရသည့်​ အ​ကြောင်းရင်းကို ပွင့်​ပွင့်​လင်းလင်း ​ပြောတတ်​သူ ကျွန်​​တော့်​ကို သူငယ်​ချင်းလုပ်​ချင်​သူများက နည်းပါး​သော​ကြောင့်​ လူတစ်​​ယောက်​၏ ​ဂရုစိုက်​ခြင်းကို ခံရလျှင်​ ကျွန်​​တော်​ ဖုန်းမျက်​နှာပြင်​ကိုကြည့်​ကာ ပြုံး​ပျော်​ ​ကျေနပ်​လျက်​ ရှိ​နေမိတတ်​သည်​။ ဟုတ်​ပါသည်​။ ကျွန်​​တော်​သည်​ ဖုန်းထဲတွင်​ :) ​ဟု​ရေးမိလျှင်​ အပြင်​​တွင်​ တကယ်​ပြုံး​နေတတ်​သူတစ်​ဦးဖြစ်​သည်​။

သူတို့၏ ဂရူစိုက်​မှုကို လိုချင်​သည်​မှာလည်း အမှန်​ပင်​။ တစ်​​ယောက်​အား သူ့ကို အားကျ​လေးစားပါသည်​ဟု ​ပြောခဲ့မိတုန်းက သူမယုံခဲ့ဘဲ ​ရယ်​ကြဲကြဲ မဖြစ်​နိုင်​သလို ဟန်​နှင့်​ တုန့်​ပြန်​ခဲ့သည့်​ အချိန်​က စကာ ကျွန်​​တော်​သည်​​ "ပြောလည်း ယုံမယ်​မထင်​ပါဘူး" ဟူ​သော အ​တွေးနှင့်​ သူတို့ဆီပို့ရန်​ ရည်​ရွယ်​ကာ ရိုက်​​နေမိ​သော message များအား အစအဆုံးဖျက်​ပစ်​မိသည်​မှာလည်း အကြိမ်​ကြိမ်​ပင်​။

ဖားခြင်းမဟုတ်​ပါ။ ကျွန်​​တော့်​အ​ခြေအ​နေကလည်း လူအများကိုဖားမှ လူဝင်​ဆံ့မည့်​​ အ​ခြေအ​နေမျိုးမဟုတ်​ ဟု ကျွန်​​တော်​ယုံကြည်​သည်​​လေ။ သူတို့ကို တကယ့်​ကို ​လေးစားအားကျမိခြင်းဖြစ်​သည်​။

ကျွန်​​တော်​ ​လေးစားအားကျသူများအား စကားအနည်းငယ်​​ ​ပြောချင်​ပါသည်​။ သူတို့ တစ်​စုံတစ်​ရာအား ဆုံးရှုံးပြီဟု ခံစားရ​သော အခါများတွင်​၊ သူတို့ စိတ်​ဓာတ်​ကျ​နေ​သော အခါများ​တွင်​၊ သူတို့စိတ်​အားငယ်​​နေ​သော အခါများတွင်​၊ သူတို့်​ ဝမ်းနည်း​နေ​သော အခါများတွင်​၊ သူတို့ တစ်​စုံတစ်​ရာ​ကြောင့်​ စိတ်​ထိခိုက်​​နေရ​သောအခါများတွင်​ ကျွန်​​တော့်​အား ငုံ့ကြည့်ပါလို့ပင်​။ မမြင်​ဖူး​သော လူများအား တွယ်​တာမိ​နေ​သူတစ်​ဦးအား လှည့်​ကြည့်​ပါလို့ပင်​...

ကျွန်​​တော်​ သူတို့အား ​ငေး​မျှော်​ကြည့်​​နေသည်​ကို မြင်​ကြပါလို့ပင်​...

P.S: "ကြယ်​ပွင့်​​လေး" ဟု ကျွန်​​တော်​ရင်းနှီးခင်​မင်​​သော လူတစ်​​ယောက်​က ကျွန်​​တော့်​ကို သုံးနှုန်း​ခေါ်​ဝေါ်ခဲ့တုန်းက ကျွန်​​တော်​ အတိုင်းမသိ ​ပျော်​ရွှင်​ခဲ့ရဖူးသည်​။

အကယ်​၍ ကျွန်​​တော်ကသာ သူ၏ ကြယ်​ပွင့်​​လေးဆိုလျှင်​ ခင်​ဗျားသည်​လည်း ကျွန်​​တော့်​အား ကိုယ်​တိုင်​ပင်​မသိဘဲ အလင်း​ရောင်​​ပေး​နေ​သော ​ကောင်းကင်​​ပေါ်မှ ကြယ်​ပွင့်​များအနက်​မှ တစ်​ပွင့်​ပင်​ဖြစ်​သည်​။

#Helen
7.12.2015
Monday
1:11 AM

My Words CollectionWhere stories live. Discover now