"Beyond Limits"

389 48 12
                                    

how am i?
how am i doing?
am i fine?

i'm alright.
i'm okay.
i'm fine.

အခု​လော​​​လောဆယ်​​တော့ ကျွန်​​​တော့်​တွင်​ ခံစားချက်​များ မရှိ​တော့ဖို့ကိုသာ ဆု​တောင်းချင်​​နေမိသည်​။

ပျော်​ရွှင်​မှု၊ ဝမ်းနည်းမှု၊ အားနာမှု၊ အချစ်​၊ အမုန်း၊ အလွမ်း၊ ​​ဒေါသ၊ အတ္တ၊ ​လောဘစ​သော စိတ္တဇနာမ်​များအားလုံးသာ ကျွန်​​တော့်​အတွက်​ ဒဏ္ဍာရီတစ်​ခု ဖြစ်​သွားခဲ့လျှင်​ ဘယ်​​လောက်​များ ​ကောင်းလိမ့်​မည်​လဲ​နော်​....

ဒီလိုသာဆိုလျှင်​ ကျွန်​​တော်​သည်​ သံပတ်​​ပေးထား​သော စက်​ရုပ်​ပမာ ​လောကကို ​နေထိုင်​​ပစ်​လိုက်​နိုင်​မည်​ ထင်​သည်​။ အပြုံးတုများ၊ အရယ်​တုများ၊ မျက်​ရည်​အတု၊ ဝမ်းနည်းမှုအတု၊ ​ပျော်​ရွှင်​မှုအတုများကို အချိန်​မှန်​မှန်​ လဲလှယ်​တပ်​ဆင်​ရင်း ​နေထိုင်​သွားနိုင်​လိမ့်​မလားမသိ။

လော​လောဆယ်​​တော့ မပြုံးချင်​ပဲ ပြုံးရတာကို ငြီး​ငွေ့လှပြီ။ သူတစ်​ပါးက ကိုယ့်​ကို စကား​ပြောလာသည့်​ အခါမျိုးတွင်​ မျက်​နှာ​သေနှင့်​ တုံ့ပြန်​လျှင်​ ရိုင်းစိုင်းသည်​ဟု သတ်​မှတ်​ခံရမှာ ​သေချာ​သည်​​လေ။ ထိုသို့ လူ​တွေကို မပြုံးချင်​ပဲ ပြန်​ပြုံးပြရတတ်​သည်​ကို ကျွန်​​တော်​မုန်းလှပြီ။ သို့​တိုင်​​အောင်​ နည်းနည်းပါးပါးဖြစ်​ဖြစ်​ ပြုံးပြ​နေရဆဲပင်​။ ကျွန်​​တော့်​ကိုသာမက ကျွန်​​တော့်​ မိသားစုကိုပါ ရိုင်းစိုင်း​သူဟု သတ်​မှတ်လိုက်​မည့်​ တစ်​​ကြောင်း​တွေး လူ့သဘာဝကြီးကို ကျွန်​​တော်​​ကြောက်​ရသည်​​လေ။

စကား​ပြောရခြင်းထက်​ နှုတ်​ဆိတ်​​နေရတာကိုသာ ကျွန်​​တော်​ မြတ်​နိုးသည်​။ စိတ်​ထဲရှိသည့်​ အမှန်​တရားကို ထုတ်​​ဖော်​​ပြောခွင့်​မရှိ​သော၊ သကာရည်​​လောင်း​သော စကားများကိုသာ အလိုရှိ​သော၊ ပဋိသန္ဓာရစကားမှ မ​ပြောလျှင်​ ရိုင်းသည်​ဟု သတ်​မှတ်​ထား​သော လူ့အသိုင်းအဝိုင်းမှာ ​နေရတာ စိတ်​ပျက်​လှပြီ။ ဖုန်းတစ်​လုံးတစ်​​လေကိုပင်​ ကိုင်ချင်​စိတ်​မရှိတာ ကြာပြီမို့ ဖုန်းကို အမြဲတ​စေ airplane mode ချ​ထားမိသည်​။ မ​လွှဲသာမ​ရှောင်​သာ ဖုန်းဖွင့်​ထားရသည့်​ အချိန်​မျိုးတွင်​ ဝင်​လာ​သော ဖုန်းကိုသာ အားနာပါးနာနှင့်​ ကိုင်​ကာ​ ​ပြောဖြစ်​သည်​ အထိ စကား​ပြောရခြင်းကို မုန်းတီးလာခဲ့မိသည်​။ ​ဟုတ်​တယ်​မဟုတ်​ဘူး ​ခေါင်းညိတ်​​ခေါင်းခါမှ လွဲ၍ အပိုဆာဒါး ​ပြောရမည်​ကို စိတ်​ပျက်​​နေခဲ့မိတာလည်း ကြာပြီ​လေ။

My Words CollectionWhere stories live. Discover now