*မဆုံနိုင်*

1.1K 111 4
                                    

"မဆုံနိုင်​"

ပြိုင်​​နေတဲ့မျဉ်းနှစ်​​ကြောင်းဆိုတာ

အဆုံးအစမရှိရာမှာပဲ ​တွေ့ဆုံနိုင်​ကြမှာ။

ငါတို့​ခေါင်းနဲ့ပန်းလို နီးကပ်​ခွင့်​ရရင်​​တောင်​မှ

တစ်သားတည်းကျတဲ့ ဒင်္ဂါး​​တွေဟာ ​သက်​ဆုံးတိုင်​လည်း မျက်​နှာချင်းဆိုင်​ခွင့်​ကို

ရနိုင်​မှာမဟုတ်​ဘူး။

တကယ်​​တော့...

လုံးလည်​ချာလည်​ကံကြမ္မာထဲမှာ

ငါတို့နှစ်​​ယောက်​လုံးက

တောင်​နဲ့​မြောက်​ဝင်​ရိုးစွန်းလို အ​ဝေးကြီး​ဝေး​နေခဲ့တာပါ။

နှင်းဦးလွင်

[26.4.2013]

My Words CollectionWhere stories live. Discover now