"You'll never know"

493 73 39
                                    

သူမကြားနိုင်​တဲ့ သီချင်းတစ်​ပုဒ်​ကို ခပ်တိုးတိုး ​ဆိုညည်းမိလိုက်​တယ်​။

လ​ရောင်​​အောက်​က ​လေပြည်​​တွေနဲ့အတူ ငါ့ရင်​ခုန်​​သံ​တွေ ​ပျောက်​ကွယ်​သွားပါ​စေသား

~

နင်​ဘယ်​​တော့မှမသိနိုင်​မဲ့ အ​ကြောင်း​တွေကို...

ငါ...

နင့်​ကို​ပြောပြချင်​မိတယ်​။

~

ငါ​လေ... အသည်းကွဲပြီးတဲ့​နောက်​မှာ တခြား လူတစ်​​ယောက်​ကို ဒီ​လောက်​ ထပ်​ချစ်​နိုင်​လိမ့်​ဦးမယ်​လို့ မထင်​ထားခဲ့ဘူး... သိလား...

ကျေးဇူးတင်​ပါတယ်​။

အနည်းဆုံး​တော့ ငါ့ရဲ့ အရူးအိပ်​မက်​​တွေကို မင်းအသက်​ပြန်​သွင်း​ပေးခဲ့တယ်​​လေ။

~

ဝန်​ခံပါတယ်​... ​ချောင်​မှာထိုင်​ပြီး ကိုယ့်​ဘာသာကိုယ်​ ဖုန်းတစ်လုံးနဲ့ ​​အလုပ်​ရှုပ်​​နေခဲ့သူပီပီ မင်းကို လ​ပေါင်းများစွာ သတိမထားမိခဲ့ဘူးဆိုတာကို။

မင်းကို စသတိထားမိတဲ့ အချိန်​က ​ကျောင်းပိတ်​​တော့မဲ့ အချိန်​... ငါ့​မောင်​နဲ့ ​ခေါင်းချင်းဆိုင်​ပြီး အိပ်​​နေတဲ့ ဆယ်​တန်း​ကျောင်းသားတစ်​​ယောက်​ ဆိုတာနဲ့ စပြီး​တော့ မင်းကို သတိထားမိခဲ့တယ်​...

အဲ့ဒါ​တွေက တခြားတခြား​သော အရာ​တွေရဲ့ နိဒါန်းဖြစ်​လာမယ်​လို့​တော့ ငါ သတိမထားမိခဲ့ဘူး...

~

နောက်​​တော့ တဖြည်းဖြည်းနဲ့ မင်းကို သတိထားမိလာတယ်​။ မင်းရဲ့ ဆံပင်​ကို လက်​ချောင်း​တွေနဲ့ ဆွဲဖွတတ်​တဲ့ အကျင့်​က စသတိထားမိတာ ထင်​တယ်​။ ​နောက်​​တော့ ပြုံးလိုက်​​တိုင်း ​ပေါ်လာတဲ့ မင်းရဲ့ ပါးချိုင့်​တစ်​ဖက်​ကို သတိထားမိတယ်​။

ကား​ပေါ်​ရောက်​ပြီး သိပ်​မကြာဘူး၊ လွယ်​အိတ်​​ပေါ် အိပ်​​ပျော်​သွားတတ်​တဲ့ မင်းက တခြားသူ​တွေထက်​ ပိုပြီး နုဖပ်​​နေသလိုပဲ​​။ (တမင်​တကာ ကြည့်​​နေတာ မဟုတ်​​ပေမဲ့လို့) လွယ်​အိတ်​​ပေါ် အိပ်​လိုက်​တဲ့အခါ ​ပေါ်လာတတ်​တဲ့ ကုပ်​သားဖြူဖြူ​တွေကို ငါသတိထားမိလာတယ်။

My Words CollectionWhere stories live. Discover now