*​တောင်အရပ်​ရဲ့ ညည်းချင်း*

405 71 20
                                    

အသက်​ပြင်းပြင်းရှူရင်းနဲ့ပဲ

ရင်​ခုန်​သံလက်​တစ်​ဆုပ်​စာကို ကြယ်​​တွေဆီ ဖြန့်​ကြဲ​ပစ်​လိုက်​တယ်​...

...လမင်း​ရေ...

ငါ့နှလုံးသားက ​သွေး​ကြော​တွေ မင်းအ​ကြောင်း သီချင်း​ရေးဖွဲ့​နေတာကို မင်းကြားနိုင်​ရဲ့လား...

(မင်းကြားမကြား ငါမသိ​ပေမဲ့ ငါ့ရင်​ဘတ်​ထဲမှာ​တော့ နာ​နေတယ်​)

-

အတိတ်​​ရေ...

မင်းဆီမှာ ကျန်​ခဲ့တဲ့ အိပ်​မက်​​တစ်​​စစီကို ငါ့ဆီ​ ပြန်​လည်​ပေးအပ်​ပါ​တော့လား...

(မင်း​ပြန်​အပ်​နှင်းမဲ့ အိပ်​မက်​​တွေကို ​စောင့်​​မျှော်​ရင်း ငါ့ရဲ့အ​တွေးအ​ခေါ်​တွေ မျက်​လုံး​သေ​နေကြတယ်​)

-

တကယ်​လို့​သာ...

မျှော်​လင့်​ချက်မှာ နှင်းဆီလို ဆူး​တွေရှိ​နေခဲ့ရင်​​တောင်​မှ..

အဲ့ဒီ့ ​မျှော်​လင့်​ချက်​ကို ခပ်​တင်းတင်းဆုပ်​ကိုင်​ထားရင်း ငါ​စောင့်​နေပါ့မယ်​...

မင်းပိုင်​ဆိုင်​တဲ့နှလုံးသားရဲ့ သံလိုက်​အိမ်​​မြှောင်​​လေး ငါ​ဆီ ဦးလှည့်​လာမဲ့နေ့ကို​ပေါ့....

-

မြောက်​အရပ်​​ရေ...

မင်းရဲ့စွမ်းအား​တွေကို သ​နား​သောအားဖြင့်​ ငါ့ကို တစ်​စိတ်​တစ်​​ဒေသ​လောက်​ ​ပေးကမ်းနိုင်​မလား....

(ငါ့ရဲ့ ဆန့်​ကျင်​ဘက်​ကို ဦးတည်​သွား​နေတဲ့ ​ကျောပြင်ကို ငါဆက်​ရပ်​ကြည့်​မ​နေနိုင်​​တော့လို့ပါ)

-

နှုတ်​ခမ်း​တွေက ရယ်​တယ်​၊ မျက်​လုံး​တွေက ငိုတယ်

ငါ့ကမ္ဘာရဲ့ ကောင်းကင်​ကြီးက​တော့ ဒီ​နေ့မှာ ပြိုတယ်...

#HELEN
31.1.2016
SUNDAY 11:18


I'm just feeling angsty ヅ

My Words CollectionWhere stories live. Discover now