မနက် ခင်းလေနုနု အေးအေးလေးတွေ မျက် နှာပေါ် ဖြတ် ပြေးယှက် သွားတိုင်း ကြင် လင် ပေါ့ပါး တဲ့ ခံစားချက် လေး... ငှက် က လေးတွေ အော်မြည်တိုင်း ပေါ်ပေါက် လာတဲ့ သဘာဝ တေးသံသာလေး... ကွက်တိကွက်ကျားကျရောက် နေတဲ့နှင်းပေါက် လေး တွေနဲ့... တစ်လောက လုံးဟာ လှပ တဲ့ ပန်းချီကားသဖွယ် ဖြစ်ပေါ်နေတဲ့ မနက် ခင်းလေးးး...
သာယာလှပ လွန်းတဲ့ မ နက် ခင်းလေးကို လက်မလွတ် ချင် တဲ့ အ တွေးလေးနဲ့ သင် တန်းကိုခပ် စောစောလေးလာမိတယ်...ဒီအချိန်ဆို သင် တန်းမှာ ဘယ်သူလောက် မရှိလောက် သေး... lay ကလည်း ပုံမှန်လာနေကြ သင် တန်းချိန် ကျမှ လာ မယ်တဲ့...
သင် တန်းရောက် တော့ အခန်းထဲ မဝင် သေးဘဲ သစ်ပင် လေး အောက်မှာရှိတဲ့ ခုံတန်းလျားလေးပေါ်ထိုင် ရင်း ပတ်ဝန်းကျင် ကို ငေ့ စောင်းကြည့်မိတော့ လူတစ်ယောက် စနှစ်ယောက်စ လောက်သာ... မနက် စောစော နွားနို့ ပို့တဲ့ လူတွေရယ် ...ဈေးဆိုင် ပိုင် ရှင် တွေရယ် ... ကျန်းမာရေးအတွက် လမ်းထွက် လျှောက် တဲ့ သူရယ် ... အင်းးး အချိန် ကြည့်လိုက်တော့လဲ 5:00 am တဲ့...
ရုတ် တရတ် တိုက် ခတ် လာတဲ့ ဆောင်းလေ အေးက အသည်းထဲ ခိုက် အောင် အေးသွားလို့ အ နွေးထည် အိတ်ကပ်ထဲ လက် လေးထည့်ပြီး မေးစေ့လေးကို အကျီင်္လည်ပင်းထဲ သိုဝှက် ထားမိတယ်...
''မင်းငါပြောတာ စဉ်းစားပြီးပြီလားsehun''
ရုတ်တရတ်ထွက် ပေါ်လာတဲ့ အသံတစ်သံနဲ့ ဘယ်က နေ ဘယ်လို ရောက်လာမှန်းမသိတဲ့တဲ့ကောင် လေး ... ရုတ်တရတ်ဆိုတော့ အနည်းငယ် အံ့သြသွားမိပြီးသူ့ကို စိုက် ကြည့်နေမိတယ်... အော်...သေ ချာကြည့်မှ ဟိုတစ်နေ့ က အိမ်ရောက် လာတဲ့တစ်ယောက်...
''မင်းကိုငါအပြတ်ပြောပြီးပြီလေ''
luhanရုတ်တရတ် ပေါ်လာတာဆိုပေမဲ့ အနည်းငယ် အံ့သြမှုတောင် မရှိဘဲ ကျတော် တည်တည်ငြိမ်ငြိမ်ပြန်ဖြေ လိုက် နိုင် လေ ရဲ့... သူဒီလို ပေါ်လာတာ ခနခန ကိုးး...ဘယ်က ဘယ်လို ရောက်လာတာလဲဆိုတာတောင် ကျတော် မ မေး တော့... မေးလည်းသူဖြေ ချင် တဲ့ဟာမှဖြေတာလေ ... မသိ ရလို့လည်းဘာမှ မဖြစ်တာမို့ နှုတ် ဆိတ်နေလိုက်ပြီး သူ မေးတာသာ ပြန် ဖြေ လိုက်တယ်
YOU ARE READING
နတ်ဆိုးရဲ့အချစ်(yaoi) [completed]
Romanceဆိုးသွမ်းတဲ့ကောင်လေးတစ်ယောက် နတ်ဆိုးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ် ရာမှ......... hunhan(main) sulay,chanbaek,