''luhan luhan သတိရလာပြီလား ဘယ်လိုနေ သေးလဲ''
နိုးနိုးချင်းမြင် လိုက် ရတာကsehun...ကျတော့်လက်ကို ဆွဲကိုင် ထားပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင် ထားတယ်... ကျတော်ဘယ်ရောက် နေတာလဲ... ကျတော် layနဲ့ sehun ပဋိပက္ခ ဖြစ်တဲ့အထိပဲမှတ်မိတယ်...ဘေးနားကိုဝေ့ဝိုက်ကြည့်တော့ဆရာဝန် တစ်ယောက် ရယ်... sehunရယ် layနဲ့ suhoရယ် ...ကျတော် ဆေးရုံတစ်ခုမှာရောက် နေတယ်ထင် တယ်
''ငါအဆင် ပြေတယ် sehun ငါသက်သာသွားပြီ ''
ကျတော် sehunကိုဘာဖြစ်တာမှန်းမရိပ်မိအောင် ဖုံးဖိကာပြောလိုက်တယ်... ဘာလို့မှန်းမသိ sehunဘေးနားက ဆရာဝန်က ကျတော့်ကိုသေ သေ ချာချာ စူးစိုက်ကြည့်နေသလိုခံစားနေရတယ်... ကျတော့်ကို အကဲခတ်နေသလိုပဲ... doctor ရဲ့ ပုံစံက က လေးလေးနဲ့ တော့နည်းနည်းတူ ပြီး အရပ် ကလည်းနည်းနည်းပုတယ်... eyeliner လည်းဆိုးထားပြီ နဂိုမှေးတဲ့ မျက် လုံးအိမ်ကိုဖုံးကွယ်ထားတယ်...ယောက်ျားလေးတန်မဲ့နဲ့ သူက eyeliner နဲ့လိုက် ဖက် လွန်းနေတယ်
''luhan ဒါငါ့အစ်ကိုအသိတစ်ယောက်လေ ''
suhoက ကျတော့်ဘက်ကိုတစ်လှည့် doctorဘက်ကိုတစ်လှည့် ကြည့်ပြီးတော့ မိတ်ဆက် ပေးတယ် ... အစ်ကို ဆိုတော့ suhoထက် ကြီးတာပဲ... တော်တော် အရွယ်တင် တဲ့လူတစ်ယောက် ပါလား
''တွေ့ရတာဝမ်းသာပါတယ် ကျတော် luhanပါ ...ဒီက?''
ကျတော် လည်းလက် ကမ်းပေးရင်း သူ့ကိုနာမည်ပြန်မေးလိုက် ပေမဲ့ သူကအတန်ကြာတဲ့အထိ လက် မကမ်းသလို နာမည် လည်း ပြန်မ ဖြေ တော့ ကျတော်နည်းနည်းတော့ စိတ်ထဲ အခဲ မ ကျေသလိုဖြစ်သွားတယ်... ဘာလဲ...သူက မာနကြီးတာ လား... သူမနှုတ်ဆက် ချင် ရ အောင် ကျတော်က ဘာများဖြစ်နေလို့လဲ
''hyung baekhyun ''
မျက် နှာအနည်းငယ် ပူလာတဲ့ suhoက သူ့ကို သတိပေးလိုက်တော့မှ သူလက် ကမ်းပေးတော့တယ်... ဒါပေမဲ့ သူကျတော့်မျက် လုံးကိုသေချာစိုက်ကြည့်နေတယ်... ကျတော့်ကိုအကဲခတ်နေတဲ့ သူ့ကိုနားမလည် နိုင် ဘူးလေ
''ဟုတ် ကျတော်က baekhyunပါ တွေ့ရတာဝမ်းသာပါတယ်''
ကျတော့လက်ကို သေ သေချာချာဆွဲကိုင် နှုတ်ဆက် ပြီး ကျတော့်မျက် ဝန်းကို တည့်တည့်ကြည့်ပြီးတော့မှ ကျတော့်လက်ကို လွှတ်ပေးတဲ့အတွက် ဘေးနားက suho,sehun.,lay တို့က အ ကြောင် သားနဲ့ကြည့်နေ တယ်... ဘာလို့မှန်းမသိ မေးစင်းတဲ့ သူ့ မျက် ဝန်းသေးသေးလေးတွေကြားမှာ အဓိပ္ပာယ်တွေ ပြည့်နှက် နေသလို... သူအ ကြောင်းတစ်ခုခုကို သေ ချာသိနေသလိုခံစားနေမိတာဘာ့ကြောင့်လဲ
YOU ARE READING
နတ်ဆိုးရဲ့အချစ်(yaoi) [completed]
Romanceဆိုးသွမ်းတဲ့ကောင်လေးတစ်ယောက် နတ်ဆိုးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ် ရာမှ......... hunhan(main) sulay,chanbaek,