မိုးတွေတဖွဲဖွဲရွာနေသည်။ထီးမပါသော luhanတစ်ယောက် အကျပ် ရိုက်နေသည်။ခေါက်ဆွဲခြောက်ထုပ်များဝယ် ရန်စတိုးဆိုင် ကိုluhanထွက်ခဲ့ခြင်းဖြစ်သည်။မိုးရွာရန်အရိပ် အ ယောင် တောင် မပြ သောကြောင့် luhanထီးမယူခဲ့ပါ။မိုးကလည်းသည်း သထက် သည်းလာသည်။
'မထူးပါဘူးလေ '
luhanမိုးရေ ထဲသို့ ထွက်လိုက်သည်။ဒီမိုးလောက်ကသူ့ကိုမဖျားနာစေနိုင် မှန်းluhanသိသည်။
ရုတ်တရတ်ဆိုသလို လေ ဧ။် လျင် မြန်ခြင်းဖြင့် အရိပ် မဲမဲတစ်ခုက သူ့ဘေးနားက ဝှစ်ခနဲဖြတ်လျှောက်သွားသည်ကို luhanခံစားလိုက် ရသည်။သာမန်လူတစ်ယောက် ဂရုစိုက် မိမည် မဟုတ်သော်လည်း luhan အတွက်တော့ သိသာလွန်းလှသည်။
'ထူးဆန်းတယ်...'
luhanဘေးဘီကိုတစ်ချက် ကြည့်လိုက်တော့ဘယ်သူ့ကိုမှ မ တွေ့။သို့သော်luhan ကိုယ်လေးတစ်ချက် တုန်သွားသည်။
ဒီလောက်မြန်တဲ့ အရာဆိုလို့ luhanဘဝမှာ တစ်ခုသာ တွေ့ဖူးသည်။
မြန်သည်။ လေ ထက် တောင် မြန်သည်။
luhan မိုးရေ တွေ စိုရွဲနေ ပါသော်လည်းဇော ချွေးတောင် ပြန်ချင် သလိုလိုဖြစ်လာသည်။
လက်ထဲမှခေါက်ဆွဲခြောက် ထုပ်များလည်းလက် ထဲမှ လွတ်ကျကာ စိုစွတ်သောလမ်းမ ပြင် ပေါ် ကျရောက်လျက်...
နှုတ်ခမ်းဖျားမှလည်း နာမည် တစ်ခုကိုခပ် တိုးတိုးရေရွတ်မိပြန်သည်။
'ap...pa'
€€€€€€€€€€
sehunတစ်ယောက် စတိုးဆိုင် သွားရာမှ ပြန်မလာသောကြောင့် စိတ်ပူပူနှင့် ထီးတစ်ချောင်းကိုအလျင် အမြန်ဆွဲကာ လိုက်လာခဲ့မိသည်။
'ဘယ်သူပါလိမ့်။ငါလည်းမ တွေ့ဖူးပါလား'
ခပ်အရပ် ရှည် ရှည်ထီးအနက်နဲ့ လူကိုမြင် တော့ sehunမျက် နှာမမြင် အောင် ထီးကိုအောက် စိုက်လိုက်ကာ ခပ်ဖြေးဖြေစအနားတိုးသွားလိုက်သည်။luhanကြောက်နေသည်ကိုမြင် သော်လည်း သူ့အ ကြောင်းကို ဘယ်တော့မှ ဖွင့် ဟ ပြောလေ့မရှိသော luhanအ ကြောင်းတစ်စွန်းတစ်စ သိလို၍ဖြစ်သည်။ မိုးသံကြောင့် ဘာပြောနေသည်ကို sehun မကြားရ သော်လည်း မျက် နှာရိပ် မျက် နှာကဲတွေ မြင် နေရ၍ အကဲခတ်နေမိသည်။
YOU ARE READING
နတ်ဆိုးရဲ့အချစ်(yaoi) [completed]
Romanceဆိုးသွမ်းတဲ့ကောင်လေးတစ်ယောက် နတ်ဆိုးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ် ရာမှ......... hunhan(main) sulay,chanbaek,