နှင်းဖွဲဖွဲလေးတွေ ကောင်းကင်ယံမှကျဆင်းနေပြီး အေးမြတဲ့လေ နုနုလေးတွေတိုက် ခတ် နေတယ်...chirstmas သီချင်း ချိုချိုမြမြ လေးတွေကလည်း ပတ်ဝန်းကျင် မှာ လွင့်ပျံနေပြီး ကြားရသူရဲ့ ရင် ထဲထိ နွေးထွေးစေပါတယ် ... ခရစ်စမတ် သစ်ပင် လေးတွေမှာအလှအပ ရောင် စုံမီးသီးလေးတွေ အရုပ် လေးတွေ ချိတ်ဆွဲထားတာက နေ ရာတိုင်းလိုလိုမှာတွေ့နေရသလို... စုံတွဲလေးတွေ... မိသားစုတွေ အတူတူ ပျော် ပျော်ရွှင် ရွှင် နဲ့ခရစ် စမတ် နေ့ကို ဖြတ်သန်းနေ တော့ ခရစ် စမတ် နေ့လေးက ချစ် စရာကောင်းနေတယ်လေ
hunဆေးရုံ ဆင်းပြီးနောက် တစ်နေ့ ဖြစ်တဲ့ ဒီနေ့က ခရစ် စမတ်နေ့ဆိုတော့ sehunတို့ အိမ်မှာ အထိမ်းအမှတ် ပွဲလေးလုပ်ကြမယ်တဲ့...sehun နေ ပြန်ကောင်းလာတဲ့ အထိမ်းအမှတ်အပြင် chirstmas ပါတီပွဲလေးအဖြစ်ပါ ကျင်းပတဲ့ပွဲလေးပေါ့ ... လူက တော့ များများစားစားမဟုတ်ပါဘူး...ဆေးရုံမှာအချင်းချင်း ခင် မင် လာကြတဲ့ ကျတော်တို့ လေးယောက်သာ ...ကျတော် luhan ရယ် sehunရယ် layရယ် suhoရယ် လေးယောက်တည်းသာပါဝင် တဲ့ ပါတီပွဲ အ သေးစားလေးဆိုတော့ လူမစည် ကားပေမဲ့ ပျော်ဖို့တော့ ကောင်းမှာပဲ ... ကျတော်က chirstmas ဆိုတာ ဘာမှန်းမသိ ခဲ့ရိုး အမှန်ပါ...ကြားတော့ကြားဖူးတယ်... ကိုယ်တိုင် ကြုံတွေ့လာရ တော့ chirstmasဆိုတာကြည်နူးပျော် ရွှင် စရာဆိုတာသိလာရတယ်လေ
''luhan ဘာတွေ အဲ့လောက်စဉ်းစားနေတာလဲ''
sehunဆေးရုံတတ်နေစဉ် အ တော အတွင်း lay နဲ့လည်း အ တော် ခင် မင် လာတယ်...sehunနဲ့လည်းပိုရင်းနှီးလာတယ်... suho ကလည်းခဏခဏ ကျတော့်ကို lay နဲ့ ပတ်သက်ပြီး ရင် ဖွင့်လေ့ရှိတာကြောင့် သူနဲ့ က တော့ အရင်းနှီးဆုံးပေါ့... lay နဲ့ ရင်းနှီးလာတာနဲ့အမျှ sehunဘယ်လောက် နူးညံ့ပြီးပျော့ပျောင်းလဲ ဆိုတာ သိလာရသလို lay ရဲ့ ကြင် နာ တတ်မှုတွေလည်းပိုပိုသိလာရတယ်...lay က တကယ်တော့ အရမ်း ကြင် နာတတ်ပြီး ဂရုစိုက် တတ်တဲ့ယောက်ျားကောင်းတစ်ယောက်ဆိုတာပိုပိုပြီးထင် ရှားလာတယ် ... ဒါကြောင့်ပဲ sehunရဲ့အချစ်ကို ရရှိခဲ့တာလေ
''ဘာမှ မစဉ်းစားပါဘူး lay ရ ''
''ဟုတ်လို့ လား luhanရ ... ခရစ်စမတ်ကို ကောင် မ လေးနဲ့ အချိန် မ ဖြုန်းရဘဲငါတို့ နဲ့ ကုန်ဆုံးရလို့ မ ကျေ နပ် တာမလား''
ESTÁS LEYENDO
နတ်ဆိုးရဲ့အချစ်(yaoi) [completed]
Romanceဆိုးသွမ်းတဲ့ကောင်လေးတစ်ယောက် နတ်ဆိုးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ် ရာမှ......... hunhan(main) sulay,chanbaek,