နတ်ဆိုးရဲ့အချစ် ၁၀

2.7K 304 5
                                    

ခရစ်စမတ် နေ့ကိုဖြတ်သန်းပြီးတဲ့နောက် sehun လည်း အ တော် အတန်ကျန်းမာ လာတဲ့အတွက် ခဏတာ ရပ် ဆိုင်းထားတဲ့ သင် တန်းပြန်တတ် ရတယ်လေ... သင် တန်းပြန် တတ်တဲ့ နေ့မို့လို့ လေးယောက် သားအတူသွားဖို့ ဆုံးဖြတ်ထားပေမဲ့လည်း lay က နောက်ကျမှလာခဲ့မယ် ဆိုတော့ suho ပါ အတူတူမသွားတော့တဲ့အတွက် ကျတော် luhanနဲ့ oh sehun နှစ်ယောက် တည်းသာ လာခဲ့ရတယ်...sehun တစ်ယောက် အခုတစ်လော တော်တော် ပြောင်းလဲသွားတယ်... အရင် ကလို မျက် နှာထား ခပ် တင်းတင်းလည်းမရှိတော့သလို အ ပြောအဆိုက အစ သိမ်မွေ့ နူးညံ့လာတာ layရဲ့ စွမ်းအားတွေကြောင့် ထင် ပါရဲ့

'' luhan sehun စောင့် ပါဦး...ဟော ဟဲ ... ဟောဟဲ''

နောက် က နာမည် ခေါ်သံကြားလို့ ကျတော်တို့ နှစ်ယောက်လုံးလှည့်ကြည့်လိုက်တော့suho... သူ့ကြည့်ရတာ မောဟိုက် နေတဲ့ပုံ...

''ဘယ်လိုဖြစ်လာတာလဲ suho''

sehun က suho ဘေးနားကိုလျှောက်လာပြီး မေးတယ်... suho ခမျာ အ ဖြေ မ ပေးနိုင် ဘဲဟော ဟဲဟောဟဲ နဲ့ အ မောစို့ နေရှာတယ်... ချွေးတွေလည်း စီး ကျနေပြီး မာရသွန် ပြိုင် ပွဲ က အ ပြေးသမားတစ်ယောက်လို

''မင်းတို့နဲ့သွားချင် လို့လိုက်လာတာ လေ... ငါ တစ်ယောက်တည်း driver နဲ့ မသွားချင် လို့''

suhoတစ်ယောက် အနိုင် ကျင့်ခံရတဲ့ကိစ္စကိုသိတဲ့အချိန်က စပြီး တော့ suhoအ မေက သူ့ကို အသွားအပြန် driver နဲ့ကိုယ် ရံတော်နဲ့ ပို့ပေးတယ်လေ... suhoက အရမ်းချမ်းသာပြီး တစ်ဦးတည်းသောသားဆိုတော့ မိဘ တွေက ရွှေလိုဥထားကြတာပေါ့... ဒီလိုမျိုးသားကို သူများတွေ ကြောင့် ဆံပင် တစ် မွှေးတောင် ကျွတ်စေချင် မှာမဟုတ်ဘူးပေါ့

''ဒါနဲ့ပဲပြေးလိုက်လာတာပေါ့...လှမ်းအော်လိုက် ပြီးကော''

ကျတော်က suhoကို အလကားနေ ပြေးလာရ သေးတယ်ဆိုတဲ့ သ ဘောနဲ့ ပြောလိုက်တော့ suhoတစ်ယောက် မျက် နှာကြီးမဲ့လာကာ luhanကို အော်ပါလေ ကော

''ငါအော်တာမှ ပြဲလန် နေတာပဲ... ဘာတဲ့ exo အဖွဲ့ထဲက chen တောင် အရှုံးပေးရတယ် ...မင်းတို့ က နှစ်ယောက် တစ် ကမ္ဘာတည်ဆောက် နေကြပြီးတော့''

နတ်ဆိုးရဲ့အချစ်(yaoi) [completed]Where stories live. Discover now