ChanSoo ( Yaoi )
ငါ လေ... ခုထိ မင်းကို စောင့်နေသေးတယ် သိလား...
မင်း နောက်လှည့်ကြည့်တဲ့အခါ ပြန်ပြုံးပြနိုင်ဖို့
ငါ ခုချိန်ထိ မင်းနောက်ကျောကို တောင်းတောင်းတတ မျှော်ကြည့်နေသေးတယ်...
မင်း ဆန္ဒရှိလာတဲ့အခါ နောက်ပြန်လှည့်လာနိုင်ဖို့
ငါ ဒီနေရာလေးမှာ အရင်အတိုင်းလေးပဲ
ရှိနေသေးတယ်.....
ငါလေ ခုချိန်ထိ မင်းကို ချစ်နေသေးတယ်.....
နောက်ပြီး.... မင်း ငါ့ကို ချစ်နေတယ် လို့လည်း ငါခုထိ ယုံနေသေးတယ်....
Kyungsooငါ့ကိုလေ လက်ခံပေးပါတော့ကွာ ....~ Waiting For You ~
စားသောက်ဆိုင် တဆိုင်အတွင်းမှာ ဆူညံစွာ ရှိနေကြတဲ့ သက်လတ်ပိုင်း လူတစ်စု....အတိအကျ ပြောရရင်တော့ ကျနောတို့ အထက်တန်းတုန်းက ကျောင်းသားဟောင်းတွေ ရဲ့ ပြန်လည် တွေ့ဆုံပွဲ.... အသက်အရွယ်တွေ ကြီးသွားခဲ့လည်း စိတ်ဓာတ်ခွန်အားတွေကတော့ အမြဲတမ်း သစ်လွင်စဲ သစ်လွင်မြဲ..
အနှစ်နှစ်အလလ ကွဲကွာနေကြတဲ့ သူငယ်ချင်းတွေပေမယ့် ခုလို ပြန်တွေ့ကြပြန်တော့လည်း အရင်လိုပင်
တယောက်နဲ့ တယောက် စကြနောက်ကြ ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြရင်း ပျော်နေခဲ့ကြပြန်ပါသည်...အဟောင်းဆိုတိုင်း လွှင့်ပစ်တတ်ကြတာမှ မဟုတ်တာ..
အတိတ်တိုင်းကိုလည်း မေ့ပစ်ခဲ့သင့်တာ
မဟုတ်ပါလေ...
တခါတခါ တချို့သော
အတိတ်ပန်းချီကားချပ်တွေကမှ
လက်ရှိပစ္စုန်ပ္ပန် ပုံရိပ်တွေထက်ကို ပိုလို့လှပနေတတ်သေးတယ်မလား..." Ya..ChanYeol မင်းရော ခုထိ အိမ်ထောင်လေးဘာလေးပြုဖို့ စိတ်ကူး မရှိဘူးလား "
သမီးအကြီးလေးက ခုဆို မူကြိုနောက်ဆုံးနှစ်...
နောက်မှ ထပ်မွေးတဲ့ သားအငယ်လေးက နို့စို့ကျွမ်းကျင်အဆင့် ရောက်နေပြီ
ဖြစ်တယ့် အိမိထောင်ရှင်ကြီး Minhoက ကျနော့်ဘဝ အကြောင်း တစေ့တစောင်း စပ်စုသည်...ကျနော် ခပ်ဖျော့ဖျော့ အပြုံးတခုနဲ့အတူ
သောက်လက်စ ဘီယာခွက်ကို တကြိုက်တည်း မော့သောက်လိုက်ရင်း မရေရာတဲ့ အဖြေတခုကိုသာ ပြန်ပေးမိသည်...