ChanSoo ( Yaoi )
" ခုချိန်ထိရော ငါ့ကို စောင့်နေတုန်းလား ChanYeol "
ကျနော့်မေးခွန်းကို သူက ကျနော့်ကို စူးစိုက်စွာကြည့်ရင်း ဖြည်းညှင်းစွာ ခေါင်းငြိမ့်ပြကာ ဖြေသည်...
လွမ်းဆွတ်ဖွယ် သူ့နှုတ်ခမ်းတွေက ကျနော့်ကို ပြုံးရယ်ပြသည်.....
မပြောင်းလဲနိုင်စွာ ကြင်နာရိပ်တွေလွှမ်းနေဆဲ သူ့မျက်ဝန်းတွေကြောင့်
အချိန်တွေ အကြာကြီး ကုန်ပြီးအဆုံးမှာ
ကျနော့် ရင်ခုန်သံတွေ တစ်ဖန်အသက်ဝင်လာသည်...ဖြတ်သန်းခဲ့တဲ့အချိန်တွေ ကုန်လွန်ခဲ့တဲ့ နေ့ရက်တွေဟာလည်း မရေတွက်နိုင်အောင်ကို များပြားခဲ့သည်ပဲ.....
..........
" ဟေ့ကောင်တွေ...Kyungsoo ရော "
အတန်းတစ်ခုလုံးက ဆူညံပွက်လော ရိုက်နေသည်...
Kyungsoo ကိုတော့ ရှာမတွေ့...
သူက တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူ မို့ ဆူညံသံတွေရဲ့ အဝေးမှာ တစ်ယောက်တည်း သွားနေနေ တတ်သည်...
ဒါပေမယ့် အခုက သူသွားနေကြနေရာတွေမှာလည်း ရှာမတွေ့ တာမို့ ကျနော် အပူတပြင်းနှင့် ရှာမိသည်..." မသိဘူးလေ...စာကြည့်တိုက်မှာ မဟုတ်ဘူးလား "
" ငါ သွားပြီပြီ ...မရှိလို့..."
" မင်းတို့ ခုတလော ဘာလဲ...ရန်ဖြစ်ထားကြတာလား...အမြဲတပူးတွဲတွဲ နှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင် ပျောက်နေရတယ် လို့ "
" ဘာမှ မဖြစ်ပါဘူး....ငါ စာကြည့်တိုက်ဘက်ပဲ တစ်ချက်ပြန်သွားကြည့်လိုက်ဦးမယ် "
" အေး အေး "
Minho ကို ဘာမှမဖြစ်ဟု ကျနော်ပြောလိုက်ပေမယ့် တကယ်တမ်း ကျနော်တို့ဘာမှမဖြစ်တာတော့ မဟုတ်ခဲ့....
ကျနော်တို့ကြားမှာ ကိစ္စတစ်ခု ဖြစ်နေခဲ့သည်...
ထိုကိစ္စ ရဲ့ ရင်းမြစ်က ကျနော် သူ့ကို ချစ်တယ်လို့ ပြောလိုက်သည်ကြောင့် ဖြစ်သည်...
သူကြားသည်....သူကြားအောင်ပင် ကျနော် တမင်ပြောသည်မို့ သူသေချာပေါက် ကျနော့် ခံစားချက်ကို သိသွားခဲ့သည်...
ပြဿနာက သူ ကျနော့် ခံစားချက်တွေကို အလွယ်တကူ လက်မခံပေးသည့်တိုင် ကျနော့်ကို လုံးဝ ရှောင်ဖယ်နေခြင်းပင်...