Kyungsoo's Point Of View

2.1K 201 8
                                    

စောင့်နေသေးရဲ့လာ....
ပြန်လာမယ့် အချိန်အထိကိုလေ....
စောင့်ပေးနိုင်ပါ့ မလား....
အဲ့ဒီ အချိန်ဟာ အရမ်းနောက်ကျသွားနေခဲ့ပြီ
ဆိုရင်တောင်လေ....
ရောက်အောင် ပြန်လာပါ့မယ်ဆိုတဲ့ အာမခံချက်
အတိအကျမရှိဘူး....
မင်းကိုပဲ ရွေးချယ်ပါ့မယ် ဆိုတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ငါ မချနိုင်သေးဘူး....
ငါ သတ္တိမရှိသေးဘူး....
ဒါပေမယ့် ဒီလိုငါ့ကို စောင့်နေပေးနိုင်မလား ChanYeol ~

~Waiting For You~

ကျနော် Seoul ကိုပြန်ရောက်ခဲ့တာ တစ်လလောက် ရှိသွားပြီ....နိုင်ငံရပ်ခြား တနေရာမှာ ပညာရေးအတွက် ဟူသည့် အကြောင်းပြချက်ဖြင့် ဆယ်နှစ်တာ ကာလတခုကို ကျော်ဖြတ်ခဲ့သည်....
ဆယ်နှစ်ဟူသည့် အချိန်ကာလ....အတော်ကြာခဲ့သည်ပဲ.....
ကျနော့် အနားမှာ တစုံတယောက် နေရာဝင်ယူလာသည်အထိ ဆယ်နှစ်တာ ဟူသည့် အချိန်ကာလ က ပြောင်းလဲပေးခဲ့သည်ပဲ....
ကျနော့် အဖေနှင့် စီးပွားစပ်တူ လုပ်ဖော်ကိုင်ဖက် တစ်ဦး၏ သမီးနှင့် နိုင်ငံရပ်ခြားမှာ မမှတ်မထင် တမင်သက်သက် တွေ့ဆုံမှုမျိုးနှင့် တွေ့ခဲ့ကြရသည်....
မိမိ နိုင်ငံသား တစ်ဦးနှင့် ရပ်ဝေးတနေရာမှာ တွေ့ဆုံရသည့် အတွက်ကြောင့် သူမရော ကျနော်ပါ တစ်ဦးနဲ့တစ်ဦး အလွယ်တကူပင် ရင်းနှီးကျွမ်းဝင် လွယ်ခဲ့ကြလေသည်...
ထိုမှ တစ်ဆင့်ချင်း တက်ခဲ့ရာမှ.....သူမဟာ ကျနော့်အတွက် လက်တွဲဖော် တယောက်အဖြစ်ပါ ရောက်ရှိလာခဲ့တော့သည် ဆိုပါတော့...
သူမနှင့် လက်တွဲဖို့ အကြောင်း ကျနော့် မိဘတွေ စီစဉ်ကြတော့ ကျနော်ရော သူမပါ မငြင်းဆန်ခဲ့ကြပါ...
သူမ ကျနော့် အပေါ်မှာ စိတ်ဝင်စားမှု ရှိနေသည်ကို ကျနော် သိနေခဲ့သလို...ကျနော် သူမအပေါ်မှာ မနှစ်သက်စရာ အကြောင်းမရှိခဲ့တဲ့အကြောင်းကိုလည်း သူမ သိနေခဲ့သည်....
တခုပင်....လူသား နှစ်ယောက်အတွက် အလေးနက်ဆုံး ချိတ်ဆက်ပေးမယ့် စကားလုံး တခုကို သူမရော ကျနော်ပါ တချိန်တခါမှ မပြောဖြစ်ခဲ့ကြပါ....
သူမဟာ မိန်းမသားတစ်ဦး ဖြစ်သည့် အလျောက် ဦးစွာ ဖွင့်ဟ ပြောဆိုဖို့ရာ ခက်ခဲသည် ဆိုသည်ကို ကျနော် ရိပ်စားမိပေမယ့်လည်း ကျနော် ကိုယ်တိုင်လည်း ဘာအတွက်ကြောင့်များ မပြောဖြစ်ခဲ့ဖြစ်မှန်း မသိရပါ...
မလိုတော့ဘူးလို့ တွေးခဲ့လို့ များလား.....ဘာလို့များ မလိုဘူးလို့ သတ်မှတ်မိပါလိမ့်....
ကျနော် ရှည်ရှည်ဝေးဝေး မစဉ်းစားခဲ့ပါ....အချိန်တန်ရင် ဖြစ်လာမယ့် အရာတခုကို အရှိရှိတိုင်းသာ လက်ခံလိုက်ခြင်း ပင်ဖြစ်ပေသည်.....

Waiting For YouWhere stories live. Discover now