လူ့အသိုင်းအဝိုင်းက လက်မခံတဲ့ ပတ်သတ်မှုတခုကို ရင်ဆိုင်ဖို့ ဝံ့မရဲလို့ သူ ကမ်းပေးတဲ့ လက်တစ်စုံကို ကျနော် အကြိမ်ကြိမ် ပုတ်ချခဲ့ပြီးမှ...
လူ့အသိုင်းအဝိုင်းက ရှူတ်ချတဲ့ ဖောက်ပြန်မှု တခုအတွက် ပုံအောပြီး ပေးအပ်လာပြန်တဲ့ သူ့နှလုံးသားကို ကျနော် ဆက်ပြီး မလွန်ဆန် နိုင်တော့ရင် ကျနော် သိပ် အသုံးမကျရာ ကျသွားမလား...
အခုအချိန်မှတော့...အရာရာဟာ သိပ်နောက်ကျသွားပြီမလား....Waiting For You _________________________
ကြင်စဦး သတို့သားနှင့် သတို့သမီးတို့ ၏ ဟော်တယ် အခန်းအတွင်းမှာ သူနှင့်ကျနော် တိတ်ဆိတ်စွာနှင့် ငုတ်တုတ်ထိုင်နေမိသည်...
Rina ယူခိုင်းလိုက်သည့် ဝိုင်ပုလင်းလေးကပင် စားပွဲ ခုံ အပေါ်ကနေ ကျနော်တို့ အခြေအနေကို အစအဆုံး စောင့်ကြည့်လို့ နေသလို...
ကျနော် သူ့ကို အပြင်းအထန် ထပ်မံ ငြင်းဆို ခဲ့မိလို့ နာကျင်ဝမ်းနည်းနေတဲ့ သူ့မျက်ဝန်းတွေ က ကျနော့် ရင်ကို ပို၍ပူလောင်စေသည်...
သူ့ ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့လို့ သူတခါမှ ကျနော့်အပေါ် မကျူးလွန်ခဲ့ဖူးသည့် အပြုအမူတခုကြောင့် ကျနော့်အပေါ် အားနာပြီးတောင်းပန်နေခဲ့သည့် သူ့ပုံရိပ်က ကျနော့်ကို အလိုမကျ ဖြစ်စေသည်....မဟုတ်သေးပါဘူး...အမှန်ဆို ကျနော် အလိုမကျမဖြစ်သင့်ဘူးနော်...ကျနော် ဒေါသထွက်သင့်တာ...စိတ်ဆိုးသင့်တာ...
မုန်းလိုက်သင့်တာ...ခုတော့...ဒီလို သူ လုပ်နေခြင်း အပေါ်ကို ကျနော်အလိုမကျ ဖြစ်နေခဲ့သည်....ဒီ လို သူရဲ့တောင်းပန်ခြင်းက ကျနော်တို့ကြားမှာ ပို၍လှမ်းဝေးသွားသလို ခံစားနေမိသည်....ဒီလိုဆို ကျနော် ကိုယ်တိုင်ရဲ့ မသိစိတ်ထဲမှာ သူ့အပြုအမူအပေါ် ကျနော့်လုပ်ရပ်နှင့် ဆန့်ကျင်စွာ ကျေနပ်နေခဲ့မိသည်လား....
မဖြစ်သင့်ဘူး...မဖြစ်ရဘူး...ဒီ အခြေအနေအထိ ရောက်ပြီးမှ နောက်ပြန်လှည့်ဖို့ ရာ သိပ်ဝေးလွန်းနေပြီ....
ကျနော် သူ့ကို ငြင်းဆန်ခဲ့မိတာ...ကျနော် မဖြစ်မနေ စောင့်ထိန်းရတော့မယ် လူ့ကျင့်ဝတ်တခုကြောင့် ဟူသည့် အမှန်တရားတစ်ခုက ကျနော့် ကို ကြောက်လန့်ဖွယ် ခြိမ်းခြောက်နေခဲ့ပြီ.....