သူနဲ့ ပတ်သတ်သမျှ အားလုံး နီးပါး
ကျနော်သိတယ်....
သူ ခုနစ်နှစ်သားတုန်းက စက်ဘီး မှောက်ကျလို့
ဒဏ်ရာ ရသွားတဲ့ ဒူးခေါင်းက အပြဲလေးက ခုထိ အမာရွတ် ရေးရေးလေး
ကျန်နေသေးတယ်...
အဲ့တာ ကျောင်းမှာ ဘောလုံးကန်ကြတုန်းက
အမှတ်မထင် ကျနော်တွေ့မိလို့ မေးထားရာက
သိထားတဲ့ သူ့ ငယ်ငယ်က အကြောင်း...
အရွယ်နဲ့ မလိုက်အောင် လူကြီးဆန်ချင်တဲ့သူက ရုပ်ရှင်တွေထဲက ခပ်ဖြောင့်ဖြောင့်မင်းသားတွေသောက်လေ့ရှိတဲ့ Americano ကြိုက်ချင်ပေမယ့်
သူအမြဲ စွဲစွဲမြဲမြဲ သောက် လေ့ရှိတာက
စတော်ဘဲရီ ပဲနို့..့
စာအုပ်တခုခုကို ဖတ်နေရင်းက ပျင်းလာရင် စာအုပ်ကို နောက်ဆုံးစာရွက်က ပြောင်းပြန်လှန်ပြီး တရွက်ခြင်း ဖတ်တတ်တယ်...
တယောက်ယောက် စကားပြော
နေတာကို မသိကျိုးကျွံ ပြုချင်ရင် လွယ်အိတ်ထဲက နားကျပ်ကို ကောက်တပ်လိုက်ပြီး သီချင်းနား
ထောင်နေလိုက်တတ်တယ်....
ဒါပေမယ့် သီချင်းဖွင့် ကိုတော့ သူဘယ်တုန်းကမှ သတိမရဖူးခဲ့.....
နောက်ကျမှ သိလာခဲ့ရတာ ဒါ သူ့ရဲ့ တစုံတခုကို ရှောင်ဖယ်ချင်တဲ့ အကျင့်တခုသက်သက် ဆိုတဲ့အကြောင်း...
အနက်ရောင်တွေချည်း ဝတ်တတ်တဲ့သူ အမှန်တကယ် ကြိုက်တဲ့ အရောင်က ဘယ်လိုမှ မထင်ရတဲ့ ငွေဖြူရောင်....စတဲ့ စတဲ့ သူနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ကျနော် သိနေခဲ့သည်....
အထူးတလည် မှတ်စရာ လည်း မလိုပါပဲ သူ့အနားမှာနေရင်းကနေ ထိုအရာတွေကို အလွတ်အမှတ်ရနေမိသည်...
ဘာကြောင့်ဆိုတာ
အထူးစဉ်းစားစရာလည်း မလိုပါလေ....
ကျနော်က သူ့ကို သိပ်ချစ်တာကိုး.....Waiting For You ❤◦.¸¸. ◦✿
ကျနော့် ရင်ခွင်ထဲ ပြိုလဲ ဝင်လာတဲ့ သူ့ကိုယ်လေးကို သာသာလေး ဆွဲထားရင်းက ကျနော့်ရင်ခုန်သံတွေလည်း မညီမညာ ကခုန် နေခဲ့သည်....
ကျနော့် ရင်ခွင်ထဲက သူ ရုန်းထွက်သွားမှာ ဆိုးလို့ ကျနော့် လက်တွေက သူ့ပုခုံးလေးတွေအပေါ်ကနေ မသိမသာ အားလေးထည့်ကာ ဖိထားလိုက်မိသည်...
နှာခေါင်းဝက ဝင်လာတဲ့ သူ့ဆံနွယ်ကြားက သူ့ဦးရည် အနံ့လေးက ကျနော် အစွမ်းကုန် ထိန်းချုပ်ထားတဲ့ ခံနိုင်ရည်စွမ်းကို လွန်လွန်ကျူးကျုးကျူးကို ချိုးဖောက်သွားခဲ့ပြီ...
ကျနော် ကိုယ်တိုင်တောင် မသိလိုက်ပဲ သူ့နားသယ်စပ်နား တိုးသွားမိပြီး နားကျပ်တပ်ထားတဲ့
သူကြားနိုင်လောက်မယ့် အသံလောက်နှင့်ကျနော့်အချစ်ကို ပထမဆုံးအကြိမ် ဖွင့်ဟ ပြလိုက်မိသည်....