Part (4)

1.1K 117 6
                                    

Krisyeol

Yifan တစ်ယောက် Xing ကို ခုလိုမျိုး ခိုးကြောင်ခိုးဝှက် မတွေ့ချင်ပါ

Yifan - မင်းကို သိမ်ငြိမ်စေမိပြီ Xing ရယ် Mianhae

စားပွဲပေါ်တွင် အဆင်သင့်ရှိနေသော Wine ကို ခွက်ထဲပင် မငှဲ့တော့ပဲ ဒီအတိုင်း သူမော့သောက်ပစ်လိုက်သည်။

သူ့ရဲ့အတိတ်
သူစိတ်ပျက်လှတဲ့အတိတ်
နောင်တရစရာကောင်းလှတဲ့အတိတ်

တစ်ချိန်က သူအောင်မြင်မှုအတွက် မိဘ ခိုင်းစေချက်ကြောင့် Xing ကို စွန့်လွှတ်ခဲ့တာ ဖြစ်သည်။

Yifan - ခုလို အတူနေဖို့ ဒီလောက်ခက်မယ်မှန်းကြို သိခဲ့ရင် ကိုယ်မင်းကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူးကွာ

Yifan ပါးပေါ် မျက်ရည်တစ်စက် ခုန်ဆင်းလျက်
သူ Wnie ကို ထပ်မော့လိုက်ပြန်သည်။

Yifan - Xing ရယ်
ကိုယ်က စောင့်ပါ ပြောထားရက်နဲ့
ကိုယ်သေချာ မှာထားရက်နဲ့
တကယ်တော့ ကိုယ့်အမှားပါလေ ကိုယ့်အမှားပါ
အေ့စ် !

"ကျွီ..."

ထိုစဉ် အခန်းတံခါး ပွင့်လာပြီး အမျိုးသမီး တစ်ဦးဝင်လာသည်။

သူ Wine ကို တစ်ချက်မော့ပြီး

မူးဝေနေသော မျက်လုံးများကို အားယူဖွင့်ပြီး သူ စူးစိုက်ကြည့်မိတော့

Yifan - Ah Mama ! Mama လာလေ
သားနဲ့အတူ သောက်ရအောင်
လွတ်ထွက်သွားတဲ့ အထိမ်းအမှတ်ပေါ့
Ha Ha

Yifan ထလာကာ Wine ပုလင်း ကို ကမ်းပေးနေသည်။သို့သော်

Xiumin - တော်စမ်း
နင် အခု ဘာတွေလုပ်နေလဲ နင့်ကိုယ်နင်သိရဲ့လား Yifan
နင့်ကြောင့် ငါရှက်လွန်းလို့ ငါ့မျက်နှာ ဘယ်သွားထားရမှန်းတောင် မသိတော့ဘူး

Yifan - Mama ဘာတွေဖြစ်နေတာလဲ
လာပါ အတူသောက်ရအောင်ပါ

Xiumin - Yifan အခု ကိစ္စ ဘယ်လိုရှင်းမှာလဲ
ငါ နင့်အစားရှက်တယ်
နင် ဘယ်လိုသားမျိုးလဲ ဟင်
နင့်ညီလေး Hun ကို အတုယူဖို့ကောင်းနေပြီ

Yifan - အင် ! Hk Hk Mama ဘာတွေလဲ
Mama ပဲ ခါတိုင်းဆို Hun ကို ကလေးဆိုး ကလေးဆိုး မင်း Ge ကို အတု ဆိုပြီး ... ပြီး

My belovedTahanan ng mga kuwento. Tumuklas ngayon