Part(19)

1.2K 130 25
                                    

Krisyeol

Yifan - မင်း အထင်မှားနေမှာ စိုးလို့ပါ။ မနေ့ညက ငါ မင်းဆီလာခဲ့တာ မဟုတ်ဘူး။

သူမ တစ်ချက် မျက်မှောင်ကြုတ်သွားသည်။

သူ ဘာကိုပြောချင်တာလဲ။
ကျွန်မကလွဲလို့ တစ်ခြား ခေါ်တဲ့သူ ရှိနေခဲ့တာလား။
အဲ့ဒါဆို ဘယ်သူ ခေါ်တာလဲ။
ဘယ်သူ့ဆီသွားတာလဲ။
Xing ဆီပဲလားဟင်။
မဖြစ်နိုင်ဘူး။
သူဘာလို့ ဒီအကြောင်းတွေ ပလ္လင်ခံနေရတာလဲ။

Yifan - Tao လေး နေမကောင်းဘူး ငါ့ကို တွေ့ချင်နေတယ် ပြောလို့ ငါသွားခဲ့တာ။

ရှင်လိမ်တာ။ Ahjuma ပြောတော့ ကျွန်မဆီက ဖုန်းရတာနဲ့ ထွက်လာခဲ့တာဆို။ ရှင် ဘာလို့ လိမ်တာလဲ။

Yifan - မင်း အထင်တွေ ကြီးနေမှာစိုးလို့လေ။ ဘယ်လိုလဲ ခုနက ငါ စိတ်ပူပေးတယ် ဆိုတော့ ပျော်သွားတယ်မလား။ မင်း ငါ့ကို ချစ်နေတယ်မလား။

သူမ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မျက်နှာကို အတက်နိုင်ဆုံး ဘာမှမဖြစ်သလို ထားလိုက်သည်။

ကျွန်မ ဒီ မေးခွန်းကို မဖြေဘူး။
ဘယ်တော့မှ မဖြေဘူး။
ရှင့်ကို တစ်ခေါက် ပြောခဲ့ပြီးပါပြီ။
နောက် ဘယ်တော့မှ ထပ်မပြောတော့ဘူးလို့လည်း အဲ့ဒီတုန်းက ကိုယ့်ကိုကိုယ် ကတိပေးခဲ့တယ်။
ရှင် အဲ့လို ရိသဲ့သဲ့လုပ်တာ ကျွန်မကို အရှက်ရစေတယ်ရှင် သိရဲ့လား။
ကျွန်မကို စော်ကားနေတယ်လို့ ခံစားရတယ်။

Yifan - မင်း ပြောခဲ့တာပဲလေ။ ငါတို့ လက်မှတ်ထိုးတုန်းက။
မဟုတ်ဘူးလား။

Yeollie - ရှင် ဘာဖြစ်ချင်နေတာလဲ။ ဘာလို့ ဒီအကြောင်း ထပ်ပြောနေရတာလဲ။
ကျွန်မ ရှင့်ကို ဘာကြောင့် မိုးရွာထဲ ထွက်လာခဲ့သလဲ မေးတာ သိချင်ရုံပဲ။ ကျွန်မကို ဒီလို မဟုတ်တာတွေပြောပြီး ရန်စနေတာလား ရှင်က။

Yifan - ငါလည်း ဘာလုပ်နေလို့လဲ။ ကိုယ့်ကို ချစ်တယ်ဆိုတဲ့ မိန်းမတစ်ယောက်က အခုထိ ကိုယ့်ကို ချစ်နေသေးလား သိချင်တာ ဘာဖြစ်လဲ။ ငါက စေတနာနဲ့ ပြောပြပေးချင်လို့ပါ။
ငါ မင်းကို ပြန်မချစ်နိုင်ဘူး ဆိုတာလေ။ ပြီးတော့ အခုထိ ချစ်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်တယ်နော်။

My belovedTahanan ng mga kuwento. Tumuklas ngayon