Part(9)

1K 102 4
                                    

Krisyeol

Xiu နှင့် Baek ထွက်သွားပြီးနောက်
သူမ သက်ပြင်းချကာ ကျန်ခဲ့လေသည်။

သူမ ဘဝဘာတွေ ဖြစ်ကုန်တာလဲ
အေးအေးဆေးဆေး နေချင်ခဲ့တာ
ဘယ်သူက သူမကို ဓားစာခံလုပ်လိုက်တာလဲ
ဘာဆက်ဖြစ်မှာလဲ

အို ငါ့ဘဝ ဘာဆက်ဖြစ်မှာလဲ
Xiu Mama ဆီက သံသယမျက်လုံးတွေကို ကြောက်ရမည်လား
နောက်ကွယ်က ချောင်းမြောင်းလုပ်ကြံနေသူကိုပဲ ကြောက်ရမှာလား

သူမ ရေတစ်ခွက်ကို အကုန်စင်အောင် မော့သောက်ပစ်လိုက်မိ၏။

~~~~~~~~•••••••~~~~~~~~~••••••

Yifan - Mama , Mama'တို့ Park Yeollie အိမ်ကို သွားခဲ့တယ်ဆို

Xiu ကဘာမှဆက်မပြော
သတင်းစာကိုသာ ဖတ်နေသည်။
သူ မျက်မှောင်ကြုတ်လိုက်ရင်း

Yifan - ဘာလို့လဲ။ သူက သားကျေးဇူးရှင်ပါလို့ ပြောထားရက်နဲ့။ ခုလို အထင်မလွဲသင့်ဘူး Mama.
အားနာစရာကောင်းနေပြီ။

Xiu- သား က ဘာသိလို့လဲ
အခု ကိစ္စဘယ်လောက်အရေးကြီးလဲ
Media'တွေမှာသာ ပြန့်ကုန်ရင် သားနာမည်ပျက်ပြီ။ အနုပညာရှင်ဆိုတာ နာမည်တစ်လုံးရဖို့ လွယ်တယ် ထင်နေတာလား
ဟင်!

Yifan - Mama'ရယ်
သားက အနုပညာရှင်ပေမယ့်လည်း Park Yeollie တို့လို သာမန် လူသားပါပဲ။
သူတောင် ဆရာဝန်
သားထက် လူတွေတောင် ပိုလိုအပ်သေးတယ်

Xiu သက်ပြင်းတစ်ချက်ချပြီး

Xiu - မင်း နားမလည်ဘူး Yifan.
ခု ကိစ္စမှာနောက်ကွယ်က လူရှိတယ်
သားကို အမြဲ လုပ်ကြံဖို့ အခွင့်ကောင်းစောင့်နေတာ

Yifan စိတ်ပျက်မိသည်။
ဘာလဲ Idol ဆိုတာ
အပြစ်ပြောခံရဖို့
အပြစ်တင် ခံရဖို့ သက်သက်လားပဲ

Yifan အခန်းထဲသို့ ဝင်ကာ သက်ပြင်းချရင်း
ph no တစ်ခုဆီသို့ ခေါ်လိုက်သည်။

Yifan - Hello Xing.

.........................,

Yifan - ညနေကျ ခဏတွေ့မယ်လေ
Two Moons Restaurants မှာတွေ့ရအောင်နော်

Xing ဆီက လာမည်ပြောတော့ သူ ရေချိုးအဝတ်လဲဖို့ PH ချ လိုက်သည်။

My belovedTahanan ng mga kuwento. Tumuklas ngayon