Part(13)

1K 100 8
                                    

Krisyeol

( ရှေ့က အပိုင်းလေးသာ ပြန်ဖတ်ပြီး Recall လုပ်ကြကုန်)😀😀

လေအေးဝှေ့လာတာကြောင့် Yifan လက်ကို တွဲပြီး သူမ အိမ်ထဲပြန်ဝင်လာခဲ့သည်။

Hun ကတော့ ကျောင်းကပွဲကြောင့် အိမ်မှာ မရှိ။

ဒီလို ညနေ အချိန်ခါမျိုးဆို Baek နှင့် Xiu Ma Ma က ကိစ္စတစ်ခုခု ဒါမှမဟုတ် အကြောင်းအရပ် တစ်ခုခုကို ဆွေးနွေးနေကြ။

မိုးနံ့ပါတဲ့ ခပ်အေးအေးလေ လေးက သူမ ကို ပိုလို့ ငြိမ်သက်စေသည်။
ပိုလို့ စိတ်ကျဉ်းကြပ်စေသည်။

တကယ်ဆို သူမ အရမ်းပင်ပန်းနေပြီ။
ဘာအတွက်ကြောင့် ခုလို စိတ်တွေ ရှုပ်နေရတာလဲ သူမ မသိ။

Yifan ကို အခန်းထဲ ပို့ခဲ့ပြီး
မီးဖိုချောင်ထဲ သွားကာ သူမရေတစ်ခွက် မော့သောက်လိုက်၏။

မပြန်ချင်ရင်လဲ ဆက်နေပေါ့

သူမ ဘာသာ ပြောမိပြန်သည်။

ငါက ဘာလို့နေရမှာလဲ။ မဖြစ်နိုင်ဘူး Yeollie. နင်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဒီအတိုင်းပဲ ရှိပါစေတော့။
နင်က ဘာကိုမျှော်လင့်နေသေးတာလဲ
ကြာခဲ့ပြီပဲဟာ
မေ့လိုက်ဖို့ကောင်းပြီ Yeollie

သူမ ခေါင်းကို အတွင်တွင်ခါပြီး ပစ္စည်းသိမ်းဖို့ သူမ အခန်းသို့ ပြန်လေသည်။
ပြန်ဖို့ အရေးတောင် Xiu Ma Ma ကို မပြောရသေးတာ သတိရမိသွားသည်။
Xiu Ma Ma ကတော့ မပြန်စေချင်တဲ့ သူမို့ သူမ ပြန်ဖို့ အရေးကိုတောင် မေ့နေပြီလို့ သူမ ထင်နေခဲ့သည်။

တကယ်ဆို Xiu Ma Ma က သူမ ပြန်မယ့်ရက်ကို အမြဲ အရိပ်တကြည့်ကြည့်စောင့်နေခဲ့မှန်း သူမ သိခဲ့ပါလျှင်…………

~~~~~~~••••••••~~~~~~~~~

Yeollie- Xiu Ma Ma , ကျွန်မ မနက်ဖြန်ပြန်ဖို့ အဲ့ဒါ

Xiu- အော်
ဟုတ်သားပဲ။ လက်မှတ်တောင် မဖြတ်ရသေးဘူး။ မနက်ဖြန် ညလေယာဉ်နဲ့သာ ပြန်လိုက်တော့ အဆင်ပြေတယ်မလား။

Yeollie - Ah. Nae. ပြေပါတယ်။
ဒီအတောအတွင်း ကျွန်မအပေါ်ကောင်းခဲ့သမျှ အတွက် ကျေးဇူးတင်ပါတယ်။

Xiu- ရပါတယ်ကွယ်။ ရပါတယ်။ ရင်းနှီးနေကြပြီပဲဟာ။
အော် Yifan ကို ဒီညအတွက် ဆေးမတိုက်ရသေးဘူး။ Yeollie လုပ်ပေးပါဦး။ Ma Ma ခဏ လောက် Baek နဲ့ အပြင်သွားစရာလေးရှိလို့။

My belovedTahanan ng mga kuwento. Tumuklas ngayon