Part(7)

954 109 0
                                    

Krisyeol

Chen တစ်ယောက် အလွန်ကြောက်လန့် တုန်လှုပ်သွားသည်။
ဒါ ဒါ သူ့အခန်းမှ မဟုတ်ဘဲ

အခန်းထဲမှမိန်းကလေးက ရှိုက်သံကြောင့် တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်နေသည်

သူ ဘာလုပ်လိုပ်မိတာလဲ
သူတို့ ညက မှားခဲ့ကြတာလား

ဘာ!!
မဖြစ်ဘူး မဖြစ်ဘူး
ဒါမဖြစ်နိုင်ပါဘူး

သူက အဲ့လိုလူ မှ မဟုတ်တာ

ဒါပေမယ့် မိန်းကလေး ရဲ့ ကိုယ်မှာက အဝတ်ကင်းမဲ့နေပြီး စောင်ပါးကို ခြုံထားသည်။

သူ အာခေါင်တွေခြောက် ခေါင်းတွေနောက်လာပြန်သည်။

သူ အရဲစွန့်ပြီး

Chen - မင်း အခန်းလား

သူမ မျက်ရည်များဖြင့် ခေါင်းညိတ်ပြသည်။

Chen - ငါ ငါတို့ ည ညက ဘာတွေဖြစ်ခဲ့တာလဲ
ငါမင်းကို ဘာလုပ်လိုက်မိလဲ

သူမက ဘာမှဆက်မဖြေ အမူရာနှင့်လည်း မဖြေ
ဆက်လို့သာငိုနေသည်။
ပိုပြီး ရှိုက်လာသည်။

Chen လက်များပင် တုန်လာသည်။ သူတကယ်ပဲ ဒီမိန်းကလေးနဲ့ မှားခဲ့မိပြီ

Omma ရေကယ်ပါ

သူ့အတွေးအာရုံထဲမှာ Yeollie ကို ပြေးမြင်သည်။

ဟုတ်တယ် ငါလက်ထပ်မယ့်သူက Yeollie ပါ
Yeollie တစ်ယောက်ပဲ
တစ်ခြား ဘယ်သူ့ကိုမှ ငါ လက်မထပ်နိုင်ဘူး

Chen ကယောင်ကတမ်းနှင့် အခန်းကို ဝေ့ကာ တစ်ခုခုရှာနေမိသည်။

ပြီးတော့ ကုတ်ကိုယူကာ

Chen - Mianhae . Mianhae yo
ကျွန်တော့်ကို ခွင့်ပြုပါဦး

မိန်းကလေးက မျက်ရည်ပြည့်နေသော မျက်လုံးလေးများဖြင့် ကြောင်ကာ ငေးနေမိသည်။

သူရုတ်တရက် အခန်းထဲက ထွက်သွားလိုက်၏။

အဆောင်ထဲက အထွက် ဧည့်သည်တွေ့ခန်းထဲတွင် ဂေဟာမှူးနှင့် တွေ့တော့

ဂေဟာမှူး - အော် သား
ပြန်တော့မလို့လား
အလောတကြီးနဲ့ကွယ်
မနက်စာစားဦးလေ
ဆရာမနဲ့လည်း မိတ်ဆက်ပေးရဦးမယ်

My belovedTahanan ng mga kuwento. Tumuklas ngayon