" Don't forget me ... from your heart " (Ep - 13)

2K 158 5
                                    


Soo(pov:)

Soo အဲ့လူကို အရမ်းမုန်းတယ်​ .. သူက ဘာမို့လို့လဲ ? အ​ကြောင်းအရင်းမရှိဘဲ သူ့ကိုမုန်း​နေတဲ့ Soo ကိုယ်​တိုင်​လည်း နားမလည်​ဘူး ... accident မဖြစ်​ခင်​က သူနဲ့ Soo ဘယ်​​လောက်​​တောင်​ ရင်းနှီးခဲ့လို့ အဲ့​လောက်​ထိ ရင်းနှီးသလိုမျိုး လိုက်​​ပြော​နေရတာလဲ ? ဟိုးတ​နေ့ကပဲ ကြည့်​ သူ့အရွယ်​ကြီးနဲ့မှ အားမနာ Soo ကိုကပ်​ချွဲပြီး Chicken ဝယ်​​ကျွေးပါဆိုပြီး လာအပူတိုက်​သွားတယ်​​လေ ... ရယ်​​တော့ရယ်​ရသား က​လေးမဟုတ်​ လူကြီး မဟုတ်​နဲ့ ...

ဒီ​နေ့လည်း ထုံးစံအတိုင်း အိမ်​​ရှေ့မှာ လာ​စောင့်​​နေပြန်​တယ်​ ။ ရာသီဥတုက ဒီ​လောက်​ချမ်းစိမ့်​​နေတာကို ။ Soo ​ဆေးရုံကဆင်းကတည်းက အဲ့လိုပဲ လာ​စောင့်​​နေကြ ။ Soo accident မဖြစ်​ခင်​က​ရော သူဒီလိုပဲလား ? Appa နဲ့ Omma ​ပြောပြထားလို့​တော့ သူ့အ​ကြောင်းနည်းနည်းပါးပါး ​တော့သိထားပါတယ်​။
ခုလည်းကြည့်​ ဒီ​လောက်​​လေ​တေတိုက်​ပြီး ချမ်းစိမ့်​​နေတာကို သူမို့လို့ ရှိသမျှသွား​တွေအကုန်​ဖြဲပြီး ပြုံးပြ​နေတယ်​ ။ ​လေဖြတ်​သွားမှဖြင့်​ ...

Kai: Good morning .. Soo ညက အိပ်​လို့​ကောင်းရဲ့လား ?

သူ့ရဲ့အ​မေးကို အ​ဖြေမ​ပေးဘဲ ထွက်​လာခဲ့တယ်​ ။ ဒီ​လောက်​ထိသူ့ကို ဂရုမစိုက်​ဘဲ ​နေတာကို သူဘယ်​လိုများ လျစ်​လျုရှုပြီး ​နေလဲမသိ ...

Kai: Soo ည​နေကျရင်​ ငါ ​ကျောင်း​ရှေ့မှာ​စောင့်​​နေမယ်​​နော်​ ... တူတူပြန်​မယ်​သိလား ..

Soo လမ်း​လျှောက်​ရင်းက​​နေရပ်​ပစ်​လိုက်​တယ်​။ စိတ်​မရှည်​​တော့ဘူး ဒီ​နေ့​တော့ ​ပြောချင်​တာ​တေ​ပြောပြီး သွားဖို့ဆုံးဖြတ်​လိုက်​တယ်​ ။
Soo:  ငါနင့်​ကို အရမ်းစိတ်​ကုန်​​နေပြီ ... ဘာလို့ ဒီ​လောက်​ထိ ငါ့​နောက်​ကို တစ်​​ကောက်​​ကောက်​လိုက်​​နေရတာလဲ ? နင်​ဒီလို​တွေလုပ်​​နေတာကို ငါ မကြိုက်​ဘူးလို့လည်း ခဏခဏ ​ပြောထားပြီးပြီပဲ .. နင်​ဘာလို့ ဒီလို​တွေဆက်​လုပ်​​နေရတာလဲ ?

Kai:  နင်​ ငါ့ကို သတိမရမချင်း ငါနင့်​​နောက်​ကို လိုက်​​နေအုံးမှာပဲ ..

"Don't Forget Me ... From Your Heart" [ Complete Fic ]Место, где живут истории. Откройте их для себя