"Don't forget me ... from your heart" (Ep-1)

4.2K 235 0
                                    

"​ဒေါက်​"

Soo: Ahhh...!!!! Ya ... Kim Kai ဘာလို့​ငါ့​ခေါင်းကို လာ​ခေါက်​တာလဲ ??

Kai: နင့်​​ခေါင်း​လေးက ဒီ​နေ့ အရမ်းချစ်​ဖို့​ကောင်း​နေလို့

Soo: ဟဲ့ အဓိပ္ပါယ်​ မရှိတာ​တေ လာ​ပြောမ​နေနဲ့ သူ့ဘာသာသူ​နေတဲ့​ခေါင်းကို နင်​ တရက်​တ​လေ​လောက်​ ငါ့ကိုမစဘဲ ​နေလို့မရဘူးလား???

Kai: နင်​ကလည်း အဲ့ကိစ္စကို အထူးအဆန်းလုပ်​ပြီး​ပြော​နေတယ်​ ငါက နင့်​ကို တရက်​​လောက်​မစရရင်​ အိပ်​လို့လည်း မ​ပျော်​ စားလို့လဲမ၀င်​ဘူးဟ

Soo: အ​မ​လေး ... ဖြစ်​ရချည်​​သေးရဲ့ နင်​လား အိပ်​မ​ပျော်​စားမ၀င်​ဖြစ်​မှာ

Kai: ဟဲ ဟဲ နင်​ကလည်း ငါ့အ​ကြောင်းသိရဲ့သားနဲ့

Soo: ​​​ ​အေးငါလည်းသိလို့ နင်​နဲ့ဝေးတဲ့​နေရာကို ထွက်​​ပြေးချင်​တာ ငယ်​​သေးလို့​ပေါ့ နို့မို့ နင့်​ကို Bye Bye ပဲ

ထိုအခါ kai တ​ယောက်​ မျက်​နှာငယ်​​လေးလုပ်​ပြီး soo နားကပ်​ကာ

Kai: Soo နင်​က ငါ့ကို တကယ်​ထားသွားနိုင်​လို့လား ?? နင်​နဲ့ငါနဲ့က ငယ်​ငယ်​​လေးထဲက တူတူ​နေလာတာကို နင်​မရှိရင်​ ငါ​နေတတ်​​တော့မှာ မုတ်​ဘူး

ဆိုပြီး kai နှုတ်​ခမ်း​လေးကို ဆူကာဆူကာ ​ပြော​နေ​လေသည်​။

(ဟင်း အဲ့ နှုတ်​ခမ်း ဆွဲစိလိုက်​ရရင်​​တော့ ဟဲ ဟဲ)

ထိုစကား​ကြောင့် ​soo ရင်ထဲအမျိုးအမည်​ မသိတဲ့ အရာတခုကို ခံစားလိုက်​ရသလို ဖြစ်​သွားသည်​။

Soo: Arr... နင်​ကလည်း ငါက စပြီး​ပြောတာပါ တကယ်​မဟုတ်​ပါဘူး

Kai: တကယ်​​နော်​ အာ့ဆို ​နောက်​တခါ အဲ့လိုထပ်​မ​ပြော​တော့ပါဘူးလို့ ကတိ​ပေး

Soo: Imm

Kai: ဒီလိုပဲ ဖြစ်​ရမှာ​ပေါ့ ဒါနဲ့ နင်​ဒီလိုငါ့စကားနား​ထောင်​​နေရင်​ အမြဲတမ်းချစ်​ဖို့​ကောင်းမှာ သိလား ဟဲ ဟဲ

Soo: ဟင်​.... ​တေနာ​လေး ငါ့ကိုစ​နေတာ​ပေါ့ ဟတ်​လား ငါက​တော့ တကယ်​ထင်​သွားလို့ စိတ်​မ​ကောင်းဖြစ်​​နေတာ နင်​​သေ​ပေ​တော့

"Don't Forget Me ... From Your Heart" [ Complete Fic ]Donde viven las historias. Descúbrelo ahora