"Don't forget me ... from your heart " (Ep - 12)

1.8K 174 4
                                    


Kai: Soo soo သတိရလာပြီလား ?? ငါ့ကိုရော သိရဲ့လား ??

Soo သူ့ကို မျက်လုံးလေးပြူးပြီး ကြည့်နေတယ် .. နောက်ပြီး သူ့ကို ပြောတဲ့ စကားကြောင့် သူလိပ်ပြာလွင့်သွားမတတ် လန့်သွားတယ် ။

Soo: ဘယ် သူ လဲ ဟင် ....

Soo သူ့ကို စနေတာပဲ နေမှာပါ ...

Kai: soo နင်​ ငါ့ကို မ​နောက်​နဲ့​နော်​ ... ငါ နင့်​အ​ပေါ်မှာ ဆိုးခဲ့တာ​တွေကို ငါသိပါတယ်​ ။ အဲ့အတွက်​လည်း ​တောင်းပန်​ပါတယ်​ ။ ​ကျေးဇူးပြုပြီး ဒီလိုမျိုး မစပါနဲ့ ဟာ ....

Soo: ငါ တကယ်​ ​ပြော​နေတာ ... နင်​က ဘယ်​သူလဲ ? ငါနင့်​ကို တကယ်​မသိဘူး .. ​နောက်​ပြီး ငါက​ရော ဘာလို့ ဒီကို​​ရောက်​​နေတာလဲ ? ငါ့ appa နဲ့ omma ကို​တွေ့ချင်​တယ်​ ​ခေါ်​ပေးပါ ...

Kai ​ကျောက်​ရုပ်​တစ်​ရုပ်​လို Soo ကိုရပ်​ကြည့်​​နေမိသည်​။ ​နောက်​ပြီး သူ အခန်းထဲက​နေ ဖြည်းဖြည်းချင်း ထွက်​လာခဲ့သည်​။
~~~~~~~~~~~~~~~~~~~~~~~~~~~~

Soo သတိရပြီဆိုတဲ့ အ​ကြောင်း အကုန်​လုံးကို ​ပြောပြလိုက်​​တော့ Yeol တို့​ရော sehun တို့ပါ ​ရောက်​လာကြပြီး soo ကိုဝိုင်း​မေး​နေကြသည်​၊

Xiu: Soo omma ကို​ရော သိရဲ့လား ?

Soo ရယ်​လိုက်​ပြီး

Soo: ha ha ha ... omma ကလည်း ဟာသ​တွေလာ​ပြော​နေတယ်​ ... Soo ကို​မွေး​ပေးတဲ့ Omma နဲ့ Appa ကိုမမှတ်​မိစရာလား လို့ ...

Baek: အဲ့ အဲ့ ဒါဆို ငါတို့​ရော ဟင်​ ..

Soo: စွာ​တေးမ Baek . တည်​ငြိမ်​တဲ့ Lulu .. ဆရာကြီး style Chanyeol .. အ​ပေါကြီး Sehun ...

တစ်​​ယောက်​ချင်းကို လက်​ညိုး​လေး တစ်​ထိုးထိုးနဲ့ ​ပြော​နေပြီး Kai ဆီကို သူ့ရဲ့ လက်​ညိုး​လေး​ရောက်​​တော့ သူမရဲ့လက်​​လေး​တွေကို ပြန်​​ကွေးလိုက်​ပြီး ဆက်​မ​ပြော​တော့ ...

Lu: Soo .. kai ကို​ရော ဆက်​မ​ပြော​တော့ဘူး လား ?

Soo ​အောက်​ချထားတဲ့ သူ့မျက်​နှာကို ပြန်​​မော့လိုက်​ပြီး Kai ကိုကြည့်​လိုက်​သည်​။ အဲ့လူရဲ့ မျက်​လုံးထဲမှာ သူ​ပြောမယ့်​ စကားတစ်​ခွန်းအတွက်​ ​မျှော်​လင့်​ချက်​​တွေ ရှိ​နေသလိုပဲ ..

"Don't Forget Me ... From Your Heart" [ Complete Fic ]Donde viven las historias. Descúbrelo ahora