"Don't forget me ... from your heart" (Ep - 9)

1.8K 191 2
                                    


Baek: Ya.. မိSoo နင်​ဘာလို့ အဲ့​လောက်​​တောင်​ ကြာ ကြာ ....

Baek စကားဆက်​မ​ပြောနိုင်​ဘဲ soo ကိုပါးစပ်​ကြီးဟပြီးကြည့်​​နေ မိသည်​။
ကျန်​တဲ့ လူ​တေလည်း အဲ့အတိုင်းပင်​ soo ကိုမျက်​​တောင်​ မခတ်​တမ်းကြည့်​​နေကြသည်​။ kai က​တော့ soo ကိုမမြင်​​​သေး ... soo လာ​နေတဲ့ ဘက်​ကို​ကျော​ပေးထားတာမို့ ...

Yeol kai ကိုလက်​နဲ့ပုတ်​ပြီး ဒီဘက်​လှည့်​ဖို့​ပြောလိုက်​သည်​။ kai ကဘာလဲဆိုပြီး soo ဘက်​ကို မျက်​​မှောင်​ကြီးကြုတ်​ပြီး ကြည့်​လို​က်​​တော့ ...

Kai လည်း​မေးရိုးပြုတ်​သွားပါပြီ....

အ​ပေါ်ထပ်​က​နေ တလှမ်းချင်းဆင်းလာတဲ့ soo ... သူတို့ သူငယ်​ချင်း soo မှဟုတ်​ရဲ့လားလို့ ​ခြေဆုံး​ခေါင်းဆုံးကြည့်​​နေကြသည်​။

အရင်​တုန်းက soo ရဲ့ပါး​ဖောင်း​ဖောင်း​လေး​တေ မျက်​လုံးဝိုင်းဝိုင်း​တေမှာ ​နေရာအပြည့်​ယူထားတဲ့ မျက်​မှန်​၀ိုင်းကြီး မရှိ​တော့ ... အမည်း​​ရောင် ​​ကျစ်​ဆံမြီး အကြီးကြီး​တေ ​နေရာမှာလဲ ဆံပင်​အလိမ်​​ပျော့​ပျော့ ​​ရွှေညို​ရောင်​​လေးက ​နေရာယူထားသည်​။ စကတ်​အရှည်​ကြီး​တေ အစား ဒူး​လောက်​ ရှိတဲ့ စကတ်​အဖြူ​ရောင်​​လေး နဲ့ ​အောက်​က အင်္ကျီအမည်း​လေးအ​ပေါ်က​နေ အဖြူ​ရောင်​ ကုတ်​အင်္ကျီ​လေးကိုထပ်​၀တ်​ထားတဲ့ soo ကတခြားလူတ​ယောက်​လို့ပင်​ ​ပြောရ​လောက်​​အောင်​ လှလွန်းသည်​။

Soo: Ya ... နင်​တို့ ငါ့ကို ဘာလို့အဲ့​လောက်​​တောင်​ ကြည့်​​နေရတာလဲ

ဆိုပြီး soo သူ့လက်​က​လေးနဲ့ လည်​ပင်းကို ပွတ်​ရင်း ​ပြောလိုက်​သည်​။

Lu: soo နင်​အရမ်းလှတာပဲ ... နင့်​အိမ်​မှာသာ မဟုတ်​ဘဲ အပြင်​မှာ ​တွေ့ရင်​ ငါတို့မှတ်​​တောင်​မှတ်​မိမှာ မဟုတ်​ဘူး ...

Baek: ဟုတ်​တယ်​ lu ​ပြောတာမှန်​တယ်

Soo: ဟီးဟီး တကယ်​လား

ဆိုပြီး soo သွား​လေး​တေ​ပေါ်​အောင်​ ရယ်​ရင်း ရှက်​လာ၍ မျက်​နှာ​လေးက နီရဲလာခဲ့သည်​။

"Don't Forget Me ... From Your Heart" [ Complete Fic ]Donde viven las historias. Descúbrelo ahora